“ကိုယ်မှန်တာသိတဲ့အတွက် မှန်ရင်မှန်တဲ့အကြောင်း မာန်တတ်တယ်” ဝင်းမင်းသန်း

118639659_10158278924426943_7574793397309018741_n.jpg
10 AM Show က ပေါ့ပေါ့ပါးပါးနဲ့ တကယ့် reality show ပေါ့။ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး sexual education နဲ့ အုပ်ထိန်းသူတွေ ဘယ်လို ပြင်ဆင်ရမလဲဆိုတာမျိုးလေးတွေပြောပြသွားတော့ တကယ့်ကိုအရေးပါတဲ့ အကြောင်းအရာတွေပေါ့။ ပြီးတော့ ကိုယ်တိုင် ဟင်းချက်ထားတာတွေနဲ့ ခရီးသွားထားတာလေးတွေပါ ပါတော့ ကဏ္ဍပေါင်းစုံနဲ့ reality show လေးပါ။ ကိုယ်တိုင်က မင်းသမီးလည်းမဟုတ်၊ ဘာမှလည်း မဟုတ်တော့ အရင်က social media မှာ လုပ်နေတာလေးတွေကို TV ပေါ် ယူသွားတဲ့ သဘောလေးပါပဲ။ TV ပေါ်မှာ ကြည့်တဲ့သူတွေ အမြင်သင့်အောင် လှလှပပလေးတော့ ပြင်ဆင်ရတာပေါ့။
နောက်ပြီး စကားပြောတဲ့အခါ ပိုပြီး ဂရုစိုက်ရတယ်၊ နည်းနည်း ထိန်းသိမ်းရတာပေါ့။ ဒါကလည်း ကိုယ်အလုပ် လုပ်တဲ့အခါ အလုပ်ကို လေးစားတယ်ဆိုတာလေး ပြတာပါ။ အရောင်ပြောင်းသွားတာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုကတော့ နှစ်မျိုးပေါ့။ social media မှာက လွတ်လွတ်လပ်လပ်နဲ့ free style လေးပြောတယ်။ TV မှာ ဒီလိုလေးပြောတဲ့အခါ ပိုပြီး ပညာသားပါတဲ့ အနေအထားလေးတွေ ရှိတယ်။ ပညာကို ပိုထုတ်သုံးရတော့ နည်းနည်း challenging ဖြစ်တော့ စိတ်လှုပ်ရှားစရာပိုကောင်းတယ်။ social media မှာက ကိုယ်နဲ့မိသားစုတွေလို ရင်းရင်းနှီးနှီးနဲ့ ပြောဆိုဆက်ဆံနေကြဆိုတော့ လွတ်လပ်ပေါ့ပါးနေတာပေါ့။ ဒါပေမဲ့ နှစ်ခုစလုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က မပြောင်းလဲတဲ့ အကြောင်းအရာကတော့ ကိုယ်တကယ်သိတဲ့ အကြောင်းအရာတွေ၊ ကိုယ်တကယ်ယုံကြည်တဲ့ အကြောင်းအရာတွေကိုပဲ ဆက်ပြောသွားဖို့ အစီအစဉ် ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်ပြီး စလိုက်တာက အမျိုးသမီးတွေ၊ ပြီးတော့ ရပ်တည်မှုမတူညီတဲ့ LGBT တွေ၊ အများနဲ့ ရပ်တည်မှု မတူတဲ့သူတွေဘက်ကနေ၊ လူနည်းစုတွေဘက်က အမြဲတမ်း ရပ်တည်ပေးခဲ့တယ်။ ကိုယ်ပြောခဲ့တယ်ဆိုတာကလည်း ကိုယ့်ရဲ့ နောက်ကြောင်းရာဇဝင်ကို လှန်ကြည့်လိုက်ရင် ကိုယ်ဘယ်ဘက်ကရပ်တည်ပြီး ဘယ်ကနေ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ကိုယ့်အတွက် ကိုယ့် ဖြစ်တည်မှုနဲ့ ကိုယ့်ယုံကြည်ချက်ကို ကိုယ့်ကိုအမြဲကြည့် နေတဲ့ သူတွေ သိပေမယ့် မြန်မာပြည်မှာက တစ်ပွဲတိုး ဆဲတာတွေ သိပ်များတယ်။
သူများဆဲတာမြင်ရင် လမ်းကြုံဝင်ဆဲတဲ့ သူတွေလည်း ရှိကြတော့ အဲဒါတွေအတွက် ပထမတော့ စိတ်မကောင်း ဖြစ်မိပေမယ့် ကိုယ့်စိတ်ရင်း စေတနာမှန်က ဘယ်သူ့ကိုမှ စော်ကားသလိုလည်း မလုပ်ဘူး။ စော်ကားတာလည်း မဟုတ်ဘူး။ ဒီစကားလုံးလေးဟာ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဗိုက်ကြီးသည်လေး၊ မီးပုံးပျံလေးဆိုပြီး ကိုယ်ကချစ်လို့ပြောလိုက်တာပဲရှိတယ်။ ဒီကိစ္စမှာ ဘယ်သူ့ကိုမှ စော်ကားစရာလည်း မလိုဘူး။ စော်ကားရလောက်အောင်အထိလည်း ဘယ်ဗိုက်ကြီးသည်ကမှ ကိုယ့်ရပ်တည်မှုကို လာစော်ကားနေတာမဟုတ်ဘူး။ သူများကို စော်ကားဖို့ဆိုတာ သူတို့ကို မကျေနပ်ချက် တစ်ခုခုရှိရမယ်။ ကိုယ့်အနေနဲ့လည်း သူတို့ကို မကျေနပ်စရာ မရှိဘူး။ ချစ်လို့ စကားအရ ပျော်ပျော်ရွှင်ရွှင် ပြောလိုက်တာ။ အမှန်တကယ်တော့ ရယ်စရရှိရင် ရယ်တတ်ဖို့ အရေးကြီးပါတယ်။ ရယ်စရာရှိရင် ရယ်တတ်တာနဲ့ ဒီလူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိစော်ကားချင်တာလားဆိုတာကို ပညာရှင်မျက်စိနဲ့ ကြည့်ရင် သေချာသိနိုင်ပါတယ်။ ရပ်တည်သမျှတိုင်က online မှာပြောတဲ့စကားရော အပြင်မှာနေတဲ့ အရာတိုင်းပါ ထပ်တူကျပါတယ်။ ကိုယ်သာ ဒီလို ထပ်တူကျအောင် မနေခဲ့ဘူးဆိုရင် ဒီလို ခုနစ်နှစ်တာကာလမှာ မျက်နှာဖုံးတွေ ဖုံးထားလို့ မရဘူး။ ဒီခေတ်ကြီးက အရမ်းပွင့်လင်းမြင်သာတယ်။ ကိုယ်ဘာလုပ်သလဲ၊ ဘယ်လိုရပ်တည်သလဲဆိုတာ အရင်ခေတ်ကလို မမြင်ရတဲ့၊ မသိသာတဲ့ အရာမျိုးမဟုတ်တော့ဘူး။ ကိုယ့်အနေနဲ့ ကိုယ့်ရပ်တည်မှုကို လာပြီး ထိကပါးရိကပါး လုပ်လာမယ့်လူတွေကိုလည်း ကိုယ့်အနေနဲ့ ရွတ်ရွတ်ချွန်ချွန် ပြန်လည် တိုက်ခိုက်တယ်။ ကိုယ်မဟုတ်တဲ့ဟာကို လာစွပ်စွဲပြီး ပြောဆိုရင်လည်း ပြန်ပြောပါတယ်။ သူများပြောတိုင်းခေါင်းငုံ့ခံပြီး ကိုယ့်ရဲ့ အမှန်တရားကို သေးသိမ်သွားပြီး ပါးစပ်ပိတ်နေရင်ပြီးရောဆိုပြီး ပါးစပ်ပိတ်နေတဲ့ အထဲမှာ မပါပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်၊ ကိုယ်နေတဲ့ အနေအထားကို ကိုယ်မှန်တာသိတဲ့အတွက် မှန်ရင် မှန်တဲ့အကြောင်းကို မာန်တက်ပါတယ်။ စကားလုံးတွေကြွယ်တာက တကယ်တမ်းကိုယ်က ရင်ထဲကလာတဲ့ ခံစားချက်ကို ဖော်ပြတတ်တဲ့ အထဲပါတော့ ကိုယ်က မြန်မာစာကို ခုနစ်တန်းအထိပဲ အောင်ခဲ့ပေမယ့် မြန်မာစာကို အရမ်းထဲထဲဝင်ဝင် လေ့လာလိုက်စားခဲ့ တယ်၊ ဖတ်ခဲ့တယ်။ 
ငယ်ငယ်ကတည်းက စာဖတ်လာတဲ့အတွက် စာကြီးပေကြီးတွေ စဖတ်တတ်တဲ့ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးနှစ် အရွယ်မှာ ကိုယ်ဖတ်တဲ့စာတွေအားလုံးကလည်း ရှေးခေတ်က စစ်ပြီးခေတ်၊ စစ်ကြိုခေတ်အချိန်က စာတွေဖြစ်တော့ ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ရဲ့ မာန်၊ ကိုယ့်ရဲ့ စကားအပြောအဆို အသုံးအနှုန်းတွေအာစလုံးက အဲဒီရှေးခေတ်ဆန်တဲ့ဘက်ကို သွားနွယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကဒီစာအုပ်စာပေနဲ့ အရမ်းရင်းနှီးခဲ့လို့။ ဒါပေမဲ့ တစ်ဘက်မှာကျတော့ ကိုယ်က မြန်မာကျောင်းကိုခုနစ်တန်းအထိပဲ အောင်ခဲ့ပြီး နိုင်ငံခြားမှာ အကြာကြီးနေခဲ့တော့ ပွင့်လင်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာသိဖို့အတွက် အချိန်လည်း ရခဲ့တယ်။ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာလည်း သိခဲ့တယ်၊ ဘာလိုချင်လဲဆိုတာလည်းသိခဲ့တယ်။ အဖြစ်မှန်ကိုလည်း လက်ခံတယ်။ အဲဒီတော့ အမှန်အတိုင်းပြောရင် ဘဝကို အရိုးဆုံး၊ အပွင့်အလင်းဆုံးနဲ့ အတည့်အတိုင်း အဖြောင့်အတိုင်းနေတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ပြောပြတဲ့အခါ ဘေးကပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်နဲ့ အတွေးမှားတာတွေ မဖြစ်ဘဲ ကိုယ်ပြောချင်တဲ့ စကားလုံးကို ထိထိမိမိနဲ့ ပြောနိုင်တယ်လို့ ထင်တာပဲ။ ဆွေမျိုးထဲမှာလည်း အချစ်ခံရတဲ့ တူမလေးထဲမှာ ပါတယ်။ ကိုယ်က မင်းသမီးလည်းမဟုတ်၊ မော်ဒယ်လ်လည်း မဟုတ်တော့ ကိုယ့်ကိုကြည့်တဲ့အခါ ကိုယ်ရူးသမျှ၊ ကိုယ်ပေါက်ကရလုပ်သမျှတွေကို လိုက်ရူးသွပ်ပြီး လုပ်ပေးနေတဲ့ သူတိုင်းကို ရင်ဘတ်ထဲကနေ တကယ်လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ကိုယ့်ကို မကြိုက်ရင် မကြည့်ဘဲနေလို့ရပါတယ်။ မကြည့်ပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို မကြိုက်တဲ့သူတွေ ကိုယ့်ကိုကြည့်ဖို့ ဖုန်းကို မျက်နှာနားသွားထိုးပေးနေတာ မဟုတ်ပါဘူး။ ကိုယ့်ဆီကို တကူးတကလာကြည့်ရတာ။ မကြိုက်ရင် မကြည့်ပါနဲ့ရှင်။ လူတွေမှာ မသိရတဲ့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်နေရတဲ့ အချိန် ကိုယ့်အနေနဲ့ ပြောလိုက်တဲ့စကားဟာ ရယ်စရာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်အတွက် ခေါင်းထဲမှာ တွေးစရာတစ်ခုခုဖြစ်။ အဲဒီနှစ်ခုကိုပဲ ရည်ရွယ်ပြီး တခြားဘာကိုမှ မရည်ရွယ်ပါဘူး။ အဲဒီတော့ ကိုယ်နဲ့အတူ လိုက်ရယ်နိုင်တဲ့သူတွေအာလုံးအတွက် ဘဝအမောတွေပြေစေချင်တယ်။ လိုက်မရယ်နိုင်တဲ့သူတွေလည်း ပြဿနာမရှိပါဘူး။ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့အကြောင်းနဲ့ ကိုယ်အပ်စပ်တဲ့ အကြောင်းတွေကိုပဲ လိုက်ကြည့်ပါ။ ကိုယ့်ကိုမကြည့်ပါနဲ့ ။ ကိုယ့်ကို အားပေးတဲ့သူတွေကိုလည်း အမြဲတမ်း တူညီတဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လျှက်ရှိပါတယ်လို့ 8days TV မှတစ်ဆင့် ပြောချင်ပါတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top