“Music Video မှာ ကိုယ့်တာဝန်ကိုယ်ကျေခဲ့တယ်လို့ ယူဆပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူမိတယ်” ချမ်းမြေ့မောင်ချို

78928416_2497639207172788_6574738170099793920_o.jpg
“အငွေ့အသက်”သီချင်းလေး က JOOXမှာ Top 3 ဝင်တဲ့အတွက် ခံစားချက်က အရမ်းပျော်တယ်။ ပြီးတော့ ဒီသီချင်းဆိုဖို့ ကမ်းလှမ်းတဲ့ ကိုAh Boy ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ မောင်ချိုဆိုတဲ့အပိုင်းကိုရေးပေးတဲ့ ကိုသားကြီးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ မောင်ချို ဘယ် သီချင်းပဲထွက်ထွက် အမြဲအားပေးပြီး JOOX မှာလည်း Top 10ဝင်တဲ့အထိ နားထောင်ပေးကြတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ် သီချင်းအသစ်လုပ်ထားပေမယ့် နည်း နည်းတော့ ကြာဦးမယ်။
“အငွေ့အသက်” သီချင်း MV ထွက်ဖို့လည်းရှိတော့ အဲဒါထွက်ပြီး နှစ်လလောက်ကြာမှ မောင်ချို့သီချင်းလေးကို MV ပါတစ်ခါတည်း ထွက်မှာပါ။ ဒီသီချင်းမှာ Trend အသစ် ပြောင်းထားပါတယ်။ တစ်ခါမှ မဆိုဘူးတဲ့ပုံစံမျိုးနဲ့ပါ။ သီချင်းစလုပ်ကတည်းက လုပ်ချင်နေတဲ့ typeဆိုပေမယ့် Fans တွေကိုကြိုက်မကြိုက်မသိတော့ အခုမှ လုပ်ဖြစ်တာ။ မောင်ချို့အကြိုက်ကို လုပ်ထားပေမယ့် သူငယ်ချင်းတွေကိုပြကြည့်တော့ အရမ်းကောင်းတယ်။ ကြိုက်ကြတယ်။ မJewel တို့ကို ပြကြည့်တော့ နင်ဆိုသမျှထဲမှာ ဒါအကောင်းဆုံးလို့ပြောတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အဲဒီသီချင်းကို အရမ်းကြိုက်နေပါတယ်။ ပရိသတ်တွေကို ချပြဖို့လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ Show ပွဲဆိုရင်တော့ ပရိသတ်အကြိုက်လိုက်ပါတယ်။ အဝတ်အစားကအစပေါ့။ သီချင်းလည်း ပရိသတ်တွေ ဘယ်လိုပုံကြိုက်တယ်ဆိုတာ သိချင်တဲ့အတွက် မောင်ချို့ album မှာလည်း သီချင်းအမျိုးအစားအစုံထည့်ပြီးဆိုခဲ့တယ်။ မောင်ချို့ထက် အသက်နည်းနည်းကြီးတဲ့ သီချင်းတွေ သူတို့ပိုကြိုက်ကြတယ်။ အခုသီချင်းက နည်းနည်း လူငယ်ဘက်ကို သွားထားပြီး မောင်ချိုအကြိုက်လုပ်ထားတယ်။ ပရိသတ်အကြိုက်မလိုက်တာတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေက မောင်ချိုဘာလုပ်လုပ် ချစ်ကြ၊ ကြိုက်ပေးကြတဲ့သူတွေရှိပေမယ့် ကိုယ့်ကိုချစ်တာပဲ၊ ကိုယ်ဘာလုပ်လုပ် ကြိုက်ရမယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ကြိုက်အောင်တော့ အများကြီးကြိုးစားထားပါတယ်။မောင်ချိုလည်း ကိုယ်လုပ်တဲ့အလုပ်ကိုအရမ်းကြိုက်တဲ့အတွက် သူတို့လည်း ကြိုက်မယ်လို့မျှော်လင့်ပါတယ်။ MV မရိုက်ခင် လေးရက်လောက်မှာ မောင်ချိုဆံပင်ညှပ်လိုက်တော့ ဒါရိုက်တာတွေက ဘယ်လိုညှပ်လိုက်တာလဲပေါ့။ ကိုAh Boyကတော့ ဆံပင်အတုတပ်လို့ ရပါတယ်လို့ပြောတယ်။ တချို့ scene တွေက အသက်ကြီးတဲ့ပုံစံ လုပ်ရတာဆိုတော့ ဆံပင်အတုတပ်ရတယ်။ မိတ်ကပ်က April သုတပြင်ပေးတာပါ။ သူကလည်း လှတယ်လို့ပြောတယ်။ Stylish ကိုပတ္ထရစ်ကလည်း လှတယ်လို့ ပြောကြပေမယ့် မောင်ချိုကိုယ့်ဘာသာကိုယ် မှန်ထဲမှာ ပြန်ကြည့်တော့ တစ်မျိုးကြီးပေါ့နော်။ ရှေ့ဆံပင်က အတိဆိုတော့ တကယ်လည်းတစ်မျိုးကြီးပေါ့။ TikTok video မှာ တက်လာတော့ တချို့က အခြောက်နဲ့တူတယ်၊ တချို့က အရမ်းဝတယ်ဆိုပြီး ပြောကြတယ်။ ပြီးတော့ အဲဒီတုန်းက ဝတ်တဲ့ suit ကလည်း အပွသားဆိုတော့ မောင်ချိုတော်တော်ကြီးနေတာပေါ့။ Feedback တွေကတော့ အများကြီးပြောကြပေမယ့်မောင်ချို MVမှာ ကိုယ်လုပ်ရမယ့် တာဝန်ကို အကောင်းဆုံးလုပ်ခဲ့တယ်၊ တာဝန်ကျေခဲ့တယ်လို့ ယူဆတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားရပြီး ဂုဏ်ယူတယ်။ ထွက်လာရင်လည်း ကြည့်ကြည့်ကြပါလို့။ မျက်ရည်အတုမသုံးဘဲ တကယ်ငိုခဲ့တာ ကိုယ့်ကိုယ်ကိုယ် အဲဒီလို ငိုနိုင်လိမ့်မယ်လို့ တောင် မထင်ထားဘူး။ အရမ်းအားရပါတယ်ဆိုပြီး Myanmar Idol Season 3 ပြိုင်ပွဲဝင် ပရိသတ်တွေ ချစ်စနိုးနဲ့ မောင်ချိုလို့ ခေါ်တဲ့ ချမ်းမြေ့မောင်ချိုက တေးသံရှင် Ah Boyနဲ့အတူဖန်တီးထားတဲ့ “အငွေ့အသက်” သီချင်း Music Video ရိုက်ကူးရေးနဲ့ပတ်သက်ပြီး 8days TV ပရိသတ်ကြီးကို ပြောပြခဲ့ပါတယ်။

 

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top