“သားလေးရဲ့ ဖြူစင်တဲ့ ဘဝခရီးမှာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် သားအပေါ် အားနာမိတယ်” ဒါရိုက်တာ စင်ရော်မောင်မောင်, အကယ်ဒမီ မေသန်းနု, မင်းသန့်မောင်မောင်

IMG_3310.jpg

သရုပ်ဆောင် အကယ်ဒမီမေသန်းနု(မဆင့်)ဟာ ငွေကျပ် သိန်း ၁၂၀၀ လိမ်လည် မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးမှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့ကအလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးအမှုအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ ထပ်မံတရားရင်ဆိုင်နေရပါတယ်။ မဆင့်ဟာ၂၀၁၆ ခုနှစ်ကတည်းက အဆိုပါအမှုကိစ္စနဲ့ ပတ်သက်ပြီး တရားရင်ဆိုင် ခဲ့ရတယ်လို့ သိရပြီး ဇူလိုင်လ(၁)ရက်နေ့မှာ တော့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ မဆင့်ပြန်လည်လွတ်မြောက်လာပြီး သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ (၂)ရက်နေ့မှာ ဒါရိုက်တာဇင်ရော်မောင်မောင်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ “ဒီအမှုကိစ္စတွေနဲ့ပတ်သက်ပြီး လိုက်လုပ်ပေးဖြစ်တာ အဓိကက သားအတွက်ပါ။ သားရဲ့စိတ်မှာ နာကျဉ်သွားတဲ့ ဒဏ်ရာ၊ ပတ်ဝန်းကျင်မှာ ရင်ဆိုင်ဖြတ်သန်းဖို့အတွက် အဖေတစ်ယောက်အနေနဲ့ လုပ်ပေးဖြစ်တာပါ။ ဒီခြောက်လတာအချိန်မှာ ခွန်အားရော မေတ္တာတွေနဲ့ပါအုပ်ပြီး ဆောင်ရွက်ပေးခဲ့တာပါ။ တော်တော်လေးတော့ ခက်ခဲခဲ့တယ်။ ငွေရေးကြေးရေးအခက်အခဲတော်တော်လေး ဖြစ်ခဲ့တယ်။ ကျေးဇူးအလွန်တင်ရမယ့် ထပ်ခါထပ်ခါတင်ရမယ့် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကြောင့် ဒီခရီးကို ဖြတ်သန်းနိုင်ဖို့အထောက်အကူတွေ အများကြီး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ခါ ကာယကံရှင်ကိုယ်တိုင်ပါ ပါလာတော့ ဖြေရှင်းရတာပိုအားကောင်းလာမယ်ပေါ့။ ဆက်သွယ်မှုလမ်းကြောင်းအရ သူနဲ့မတွေ့ရတော့ မှန်းပြီးဆောင်ရွက်ရတာတွေ ရှိတာပေါ့။ အဓိကပြောချင်တာတော့ ဒီပြစ်ဒဏ်ကျခံသွားတဲ့ အမှုနဲ့ ပတ်သက်ပြီး အဆင့်ဆင့်ဆောင်ရွက်ခဲ့တဲ့ တရားရေးဌာနက တာဝန်ရှိတွေအားလုံး ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျေနပ်ပါတယ်လို့ မိသားစုကိုယ်စားပြောပါရစေ။ ကျန်တဲ့ကိစ္စတွေကိုလည်း ဥပဒေအရပဲ ဖြေရှင်းပါမယ်။ နောက်ပြီး တရားလို ဒေါ်စန်းစန်းမြင့်အနေနဲ့လည်း ပြေသင့်သလောက်ပြေပါ။ အစကတည်းကလည်း တရားသူကြီးရှေ့မှာ အကြေလျော်ဖို့ကို တုန့်ပြန်ထားခဲ့ပါတယ်” ဆိုပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောခဲ့ပါတယ်။“နေရာတစ်နေရာရောက်သွားရင် အဲဒီနေရာရဲ့ ဥပဒေအတိုင်းပေါ့နော်။ လေးစားရတယ်၊ သူ့စည်းကမ်းချက်အတိုင်း အဆင်ပြေအောင်နေရတာပေါ့နော်။ အကျဉ်းသူတွေအများကြီးရှိတော့ အကုန်လုံး အချင်းချင်း စာနာအားပေးပြီးနေရတာပေါ့။ အားလုံးကမဆင့်ကို ချစ်ကြတော့ သူတို့အခက်အခဲတွေတောင်မေ့ပြီး မဆင့်ကိုပဲ အားပေးနေကြတာ။ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမနဲ့ နေကြရတာ ကျေးဇူးအရမ်းတင်ပါတယ်။ နေ့ရောညပါ ဘုရားတရားပဲ ပိုအာရုံစိုက်စိုက်ဖြစ်တယ်။ ဘာသာရေးပဲ ပိုလုပ်ဖြစ်တာပေါ့။ မေတ္တာတွေကောင်းကောင်းပို့တာ။ လက်တွေ့ဘဝတွေက ရုပ်ရှင်တွေထဲကထက် ပိုခက်ခဲတယ်။ အရင်ကထောင်ဆိုရင်ကြောက်တယ်။ အားလုံး လူဆိုးတွေချည်းပဲလို့ထင်တာ။ ဒါပေမဲ့ အထဲမှာ အကြောင်းကြောင်းကြောင့် တရားတာတွေရော မတရားတာတွေပါ အများကြီးပဲ။ အရမ်းစာနာဖို့ကောင်းတယ်။ တကယ်အပြစ်ရှိတာမှန်ပေမယ့် အထဲမှာနေရတာသူတို့ဘဝတွေ ဆုံးရှုံးတာပေါ့နော်။ မဆင့် အစကလန့်သွားတာပေါ့။ တစ်ခါမှလည်း မကြုံဘူးဘူး။ ဒါပေမဲ့ ဘေးနားက ကိုယ်နဲ့အတူနေတဲ့ ညီမတွေက အကုန်ဝိုင်းပြီးအားပေးတယ်။ နေစရာ၊ စားစရာ၊ ဝတ်စရာတွေ အကုန်လုံး လိုလေသေးမရှိအောင် ကူညီတယ်။ ပြီးတော့ အကျဉ်းဦးစီးက မမ ကစောင့်ရှောက်တော့ မျက်နှာမငယ်ရဘူး။ အရမ်းစိတ်သက်သာရာရတာပေါ့။ နောက်ပိုင်း စိတ်ကိုလုံးဝလျှော့ချလိုက်တော့ အဆင်ပြေသွားပါတယ်”ဆိုပြီး အကျဉ်းကျခဲ့စဉ် အတွေ့အကြုံများကို ပြောပြခဲ့ပါတယ်။ဆက်လက်ပြီး ဦးမောင်က “ မဆင့်အနေနဲ့ကလည်း အထဲမှာဘုရားတရားကိုပဲ ဇောက်ချလုပ်တယ်ဆိုတာသိရတယ်။ အခုလို ဘဝတစ်ခုပြန်စမယ့်အချိန် မင်းသန့်လေးကလည်း ရဟန်းခံရမယ့်အချိန်ရောက်လာပြီဆိုတော့ မဆင့်အနေနဲ့ ပြီးခဲ့တာတွေလည်း ပြီးပျောက်စေ။ အပြစ်တွေအပေါ်မှာလည်း ဆေးကြောချင်တယ်။ ဘဝတစ်ခုပြန်စရင် ဘာသာတရားလေးနဲ့ စတာ ကောင်းတယ်ဆိုပြီး ကျွန်တော် request လုပ်တာပါ။ မဆင့်ရော သားမင်းသန့်ကပါ အဲဒါကို လက်ခံတယ်”ဆိုပြီး ပြောခဲ့ပါတယ်။ မဆင့်ကလည်း “အစက သားမွေးနေ့လေးတောင် မမီဘူးလို့ထင်ခဲ့တာ၊ အခုလို အမီပြန်လာနိုင်တော့ ဝမ်းသာတာပေါ့။ အမှန်အတိုင်းပြောရရင် မဆင့်က သားကိုအားနာတာ။ ကိုယ့်ကြောင့် သူံရဲ့ ဖြူစင်တဲ့ ဘဝခရီးမှာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ မျက်နှာငယ်ရတယ်ပေါ့” ဆိုပြီး သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောခဲ့ပါတယ်။ သားဖြစ်သူမင်းသန့်မောင်မောင်ကတော့ “အစက ကျွန်တော့်မွေးနေ့ကို အမှန်အတိုင်းပြောရရင် လုံးဝ မလုပ်ချင်ဘူး။ အမေလည်းမရှိတော့ ဒီအတိုင်း အိမ်မှာ အဖေနဲ့ ကိတ်မုန့်လေးပဲစားပြီး ဖြတ်သန်းမယ်လို့ စဉ်းစားထားတာ။ အခုတော့ အမေကလည်း ကျွန်တော့်မွေးနေ့အမီထွက်လာပြီဆိုတော့ အရမ်းကံကောင်းတယ်ပေါ့။ ဒီနှစ်မွေးနေ့က ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အမှတ်တရလို့ ပြောလို့ရတယ်”ဆိုပြီး မွေးနေ့အမီ အမေဖြစ်သူ ပြန်ရောက်လာတဲ့ ခံစားချက်လေးကို ပြောပြခဲ့ပါတယ်။ ထို့နောက် ဦီးမောင်က “ကျွန်တော်တို့ အခုအသက်အရွယ်အရဆိုရင် မင်းသန့်လေးက ဦးဆောင်ရတော့မယ့်အချိန်ရောက်ပြီ။ ဘွဲ့ရပြီးပြီ။ တစ်နှစ်ခွဲလောက် ကျွန်တော်နဲ့အတူ ရိုက်ကွင်းတွေကို ဖြတ်သန်းခဲ့ပြီး တိမ်တွေပေါ်ကပန်းကိုလည်း သူကိုယ်တိုင်ဦးစီးနိုင်ခဲ့ပြီ။ ဆိုတော့ ဒီအချိန်က အကောင်းဆုံးအချိန်ပဲလို့ ထင်တယ်လေ။ လူဆိုတာက မွေးကတည်းက ဘာမှသိလာတာမဟုတ်ဘူးလေ။ ဒီလိုပဲလုပ်ရင်းကိုင်ရင်း၊ အကောင်းအဆိုး ဒွန်တွဲပြီး သွားရတာပဲလေ။ ကျွန်တော်တို့မိဘနှစ်ပါးက ထိန်းကျောင်းရမှာပေါ့။ သူ့အပေါ်တော့ ယုံကြည်ပါတယ်။ အဖေ့ခြေရာ၊ အမေ့ခြေရာနင်းမယ့်သားတစ်ယောက် ဖြစ်မယ်လို့တော့ မျှော်လင့်တာပေါ့။ ဒါကအကြီးမားဆုံး မျှော်လင့်ချက်ပေါ့။ ပြောရရင်တော့ ငယ်ငယ်တုန်းက မက်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အချိန်က ဒီအချိန်ပါပဲ” ဆိုပြီး သားအတွက် မျှော်လင့်ချက်လေးတွေကိုပြောခဲ့ပြီး မဆင့်က “ဘဝမှာ အဓိက ကိုယ်က အားနာတတ်တာ၊ ယုံကြည်မှုတွေပေါ့။ လူတစ်ယောက်ကို စိတ်နဲ့ လွယ်လွယ်ပဲ ယုံကြည်တာလေ။ အဲဒီဒဏ်တွေပေါ့။ ပြောရရင် မလည်ရှုပ်ပေါ့။ ကိုယ်က လည်လည်း မလည်ဘူး။ စီးပွါးရေးလုပ်တယ်ဆိုတာ နားလည်မှ အဆင်ပြေတာလေ။ မဆင့်တို့က လုပ်ချင်တဲ့စိတ်က အရမ်းများတာ။ ကျန်တာ နားမလည်တော့ဘူးလေ။ ရှင်းရှင်းပြောရရင် ကိုယ့်ကို နားလည် အားပေးနေသေးတဲ့ ပရိသတ်ရှိနေပါသေးလားဆိုတဲ့ စိတ်က အရမ်းကို ပီတိဖြစ်ပါတယ်။ အခြေအနေပေးရင်တော့ဆက်ပြီး ရပ်တည်နေမှာပါ” လို့ ကြုံတွေ့ခဲ့ရတာတွေ ရှင်းပြခဲ့ပြီး နောက်ဆုံးအနေနဲ့ ဦးမောင်က “ဖြတ်သန်းခဲ့တဲ့ အနုပညာခရီး၊ ဘဝခရီး တစ်လျှောက်မှာ ဒီနေ့ဟာ ကျွန်တော်တို့ဘဝရဲ့ အလှည့်အပြောင်းပေါ့နော်။အချိန်ကာလကလည်း ထူးခြားတဲ့ ကာလ၊ ကိုဗစ်ကာလကြီး ဖြစ်နေတယ်။ စီးပွါးရေးတွေ အားလုံးကလည်း ရပ်နေတယ်။ ဒီနေ့အထိ ကျွန်တော်ရိုက်ကူးမယ့် ကြော်ငြာ၊ ရုပ်ရှင် ရိုက်ကူးခွင့်တင်ထားတာ မရသေးဘူး။ မကြာခင်တော့ ရိုက်ကူးခွင့်တွေ ပြန်ရကြမှာပါ။ ရုပ်ရှင်လောကသားတွေအားလုံး ကျွန်တော်တို့လိုပဲ အခက်အခဲတွေရှိတယ်။ ဒီထဲကမိသားစုတစ်စုအနေနဲ့ ကျွန်တော်တို့လည်း ရုန်းထွက်ဖို့ရှိတော့ တတ်နိုင်သလောက် မီဒီယာကြီးကိုလည်း အပ်ပါတယ်။ သားအတွက်ရော၊ မဆင့်အတွက်ပါ အပ်ပါတယ်” လို့ပြောခဲ့ပြီး “ကျွန်တော်တို့မိသားစုကို ဒီလိုအခက်အခဲဖြစ်တဲ့အချိန် ကူညီပေးခဲ့၊ အားပေးကြတဲ့ သူတွေအားလုံးကို အားနာပြီး ကျေးဇူးလည်း တင်ပါတယ်။ အကုန်လုံးရဲ့ ကျေးဇူးတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ပြီးတော့ ကိုဗစ်ကာလကြီးမှာ အကုန်လုံးကို safe ဖြစ်စေချင်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျွန်တော်တို့ အတူတူရပ်တည်ကြရအောင်လို့ပြောချင်ပါတယ်”ဆိုပီး မင်းသန့်မောင်မောင်က မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top