“ Import Flower Market ပုံစံ တစ်နိုင်တစ်ပိုင် ပန်းဆိုင်လေး ဖွင့်ချင်တယ်” စောယုနန္ဒာ

28783631_1724028934309357_2031486661623283712_n.jpg
 အခုက quarantine ချိန်ဆိုတော့ ရိုက်ကူးရေးတွေ ခဏ နားထားရတာပေါ့။ အဲဒါမတိုင်ခင်ကတော့ အေဇာတ်ကား အကကားပေါ့။ အဲဒါရိုက်တယ်။ ပြီးတော့ before & after ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုရိုက်ထားပါတယ်။ အေ ဆိုတဲ့နာမည်ပေးဖြစ်တာ အေ…တစ်စုံတစ်ယောက်ပေါ့။ အေးငြိမ်းဖြူရဲ့ အေကို ယူသုံးတာလည်းပါတယ်။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ဟာကို ပေါ်သွားအောင် ဒါရိုက်တာက စဉ်းစား ပြီး ပေးထားတာပေါ့။ သူက အကကားပေါ့။ အနောက်တိုင်းအကကို အခြေခံပြီး ရိုက်ထားတာပါ။
Stay home ကာလမှာ ပန်းစည်းလေးတွေကို online ပေါ်မှာ floral service ဖွင့်ပြီး အရမ်းဝါသနာပါတာနဲ့ သင်တန်းတွေလည်း တက်ထားတော့ ဒီကြားကာလမှာ လုပ်ဖြစ်တာ။ ဒီဟာပြီးသွားရင် ရိုက်ဖို့ကျန်တဲ့ ကားလေးတွေ ဖြတ်မယ်။ ဇာတ်လမ်းတွဲတစ်ခု ထပ်ရိုက်ဖို့လည်း တိုင်ပင်နေပြီ။ ဘာမှန်းသေချာမသိသေးတော့ နောက်သေချာမှ အသိပေးပါ့မယ်။ အစကတည်းက စဉ်းစားထားတာ ဒီအနုပညာအလုပ်အပြင် တခြားစီးပွါးရေးလည်း လုပ်ချင်တယ်ပြောတော့ အမေက ဘာဝါသနာပါလဲလို့မေးတယ်။ Event Planner ဖြစ်ချင်တယ်လို့။ Wedding Event Plannerပေါ့။ ဒါပေမဲ့ အဲဒါကို ချက်ချင်းလုပ်ဖို့ အတွေ့အကြုံကလည်း မရှိဘူး။ လေ့လာစရာကလည်း အရမ်းများတော့ အမေက ပန်းလေးတွေကနေ စပြီးလုပ်ကြည့်ပါလားဆိုတော့ စလုပ်တာ။ သင်တန်းတွေလည်း တက်ပေါ့။ အစက အဲဒီလောက် ဝါသနာမပါဘူး။ လုပ်ရင်းလုပ်ရင်း အနုပညာအပြင် တခြားကိုယ်ဝါသနာပါတဲ့ အလုပ်လည်း ရှိပါလားဆိုပြီး ဒါလေးကို ခုချိန်မှာ သေချာလေး လုပ်ဖြစ်တာ။ ပုံမှန်ကိုယ်လုပ်တဲ့ဟာလေးတွေကို facebookမှာ shareပေမယ့် personal account မှာ သိပ်မတင်ဖြစ်ဘူး။ ဒါပေမဲ့ လာအပ်တဲ့သူတွေထဲမှာ ကိုယ့်ကိုသိတဲ့သူ၊ ကိုယ့်ပရိသတ်တွေလည်း ရှိတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ပါတယ်။
အခုမှ စတာဖြစ်တော့ အရမ်းကျွမ်းကျွမ်းကျင်ကျင်ကြီး မဟုတ်ပေမယ့် ထပ်ပြီးလေ့လာနေပါတယ်။ စျေးနှုန်းက တစ်ခုနဲ့တစ်ခု မတူတော့ ခန့်မှန်းပြီး ပြောရခက်တယ်။ customer တွေမှာတဲ့ ဒီဇိုင်းပေါ်မူတည်တာပေါ့။ ဒီဟာကိုစလုပ်ကတည်းက ရေရှည်ကို စဉ်းစားပြီး လုပ်တာပေါ့။ ဒီဟာလုပ်မှ သိတာပန်းတွေ ဝယ်ရခက်တယ်။ local ပန်းတွေက လွယ်ပေမယ့် import ပန်းတွေကလိုရင် လိုချင်သလိုမရဘူး။ အရမ်းခက်တယ်။ အဲဒါနဲ့ နောက်ပိုင်း ကိုယ်တိုင် import flower market ပုံစံမျိုး ကိုယ်တစ်နိုင်တစ်ပိုင် လွယ်လွယ်ကူကူနဲ့ ဒီမှာ ရှာဝယ်လို့ရတဲ့ ပန်းဆိုင်လေးတစ်ခုဖွင့်မယ်။ ကလောဘက်မှာ ကိုယ်တိုင်စိုက်တာမျိုးလည်း လုပ်ချင်တယ်။ ရေရှည်အတွက်တော့ အများကြီး စဉ်းစားထားတာပေါ့။
ကိုယ်လည်း ဝါသနာပါတယ်။ နောက်ပိုင်းမှာလည်း ပန်းလေးစိုက်ပြီး အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းချင်တော့ ဒါကို ရေရှည် လုပ်ဖြစ်မှာပါ။ ပရိသတ်တွေကို စောကိုယ့်အသံနဲ့ကိုယ် သရုပ်ဆောင်ထားတာလေးတွေ ထွက်လာရင်လည်း ကက်ဆက်ခွေတုန်းက အားပေးသလိုပဲ စောကို အားပေးကြပါလို့ ပြောချင်ပါတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top