“အခုတလောမှာတော့ နည်းနည်းလေး စိတ်ပျော်လာပါပြီ” ဟဲလေး

99101196_2997068083722571_7801579738362806272_o.jpg

အပြင်မထွက်ဖြစ်တာတော့ကြပါပြီ။ ဒီရက်ပိုင်းမှ အလုပ်လေးလည်းရှိ၊ အိမ်နဲ့လည်းနီးနေလို့ ပြီးတော့ ညီလေးတစ်ယောက်ကနေပြီး သူ့ အကျိုးပြုသီချင်းလေးမှာ ပါဝင်ကူညီပေးဖို့ ဖိတ်တာနဲ့ လာဖြစ်တာပါ။ Stay home ကာလမှာ သီချင်းလေးတွေတော့ ရေးဖြစ်နေပါတယ်။ အနည်းအကျဉ်းပေါ့။ အရှေ့မှာတော့ အကျိုးပြုသီချင်းလေးတွေ ရေးပေးဖြစ်တယ်။ We Love Yangonသီချင်းရော The Mask Singer က Artists တွေချည်းပဲလုပ်တဲ့ သီချင်းပါ ရေးပေးဖြစ်တယ်။ အခုတလောမှာ စိတ်နည်းနည်းပျော်လာပြီပေါ့။သီချင်းတော်တော်များများလည်း ပြန်ရေးပေးဖြစ်နေတယ်။ ရတနာမိုင်အတွက်ရယ် အုပ်စိုးခန့်အတွက်ပါ ရေးပေးပြီးသွားပီုပေါ့။ သူတို့အပ်ထားတာလည်း ကြာပြီဆို တော့လေ။ နောက်ထပ် ညီလေးတွေ၊ ညီမလေးတွေအတွက်လည်း ရေးပေးဖြစ်ပါတယ်။ ဦးမင်းချစ်သူရေးပြီး ဦးဇော်ဝင်းရှိန်ဆိုခဲ့တဲ့ ပိုင်ရှင်သီချင်းလေး အုပ်စိုးခန့်က သူ့စတိုင်လ်လေးနဲ့သူ ဆိုပြီး သားသားတီးပေးထားတာအစ်ကိုတို့ ငယ်ငယ်ကနာမည်ကြီးခဲ့တဲ့သီချင်းလေးကို ဒီဘက် generation အထိသယ်လာပြီးဆိုထားတာ အရမ်း ချစ်ဖို့ကောင်းပါတယ်။ငယ်ငယ်ကတည်းက ကိုလေးဖြူတို့၊ ဦးညီထွဋ်တို့ကို အရမ်းကြိုက်တယ်။ ကိုယ် လူပျိုပေါက်ဖြစ်လာတဲ့အချိန်၊ ဂစ်တာတီးတတ်တဲ့အချိန်၊ သီချင်းတွေစလုပ်တဲ့ ၁၈,၁၉ နှစ်အချိန်ကျတော့ ကိုစည်သူလွင်၊ ကိုဆောင်းဦးလှိုင်၊ ကိုအဲလက်စ်ပေါ့။ အထူးသဖြင့် ကိုအဲလက်စ််ပေါ့။ သူ့ သီချင်းပုံစံတွေ အရမ်းကြိုက်တယ်။ သူ့ နေထိုင်ပုံ၊ သူ့စတိုင်လ်၊ သူ့သီချင်းပုံစံ၊ သူ့ fashionတွေ အရမ်းကြိုက်တယ်။ ဒီကာလမှာက လိုင်းပေါ်ကြည့်လိုက်ရင် ညီအစ်ကို၊ မောင်နှမတွေက ဘယ်လိုချိန်၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပရိသတ်ကို သီချင်းတွေနဲ့ဘယ်လိုပျော်အောင်ထားမယ်ပေါ့။

သူ့ဟာနဲ့သူကတော့ လုပ်နေကြတာပဲ။ အကုန်ကြိုးစားနေကြတာ၊ တန်းစီပြီးထွက်နေကြတာ အကုန်မိုက်တယ်။ အစ်ကိုကတော့ ထွက်လာသမျှ အကုန်နားထောင်တာပဲ။ ကိုယ်လည်း ကြားထဲမှာ ဘယ်လိုပုံစံလေး လုပ်မလဲ၊ ပရိသတ်ကို ဘယ်လိုလေးပေးမလဲဆိုတာမျိုးတွေ ကြံစည်နေပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ပုံစံ၊ ကိုယ့် teams နဲ့ကိုရှိပြီးသားပေါ့။ ပျော်စရာလေးတွေ၊ နည်းနည်းမြူးမြးကြွကြွ၊ ခုန်ခုန်ပေါက်ပေါက် အဲဒါမျိုးလေးတွေပေါ့။ နောက်ပြီး ရတနာမိုင်နဲ့ စုံတွဲလေး ထွက်ဖို့ရှိတယ်။ ချမ်းမြေ့မောင်ချိုနဲ့လည်း တစ်ပုဒ်ထွက်ဖို့ လုပ်နေပါတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top