“ဗီလိန်လုပ်လို့ ပရိသတ် မုန်းတဲ့ခေတ် မဟုတ်တော့ဘူး” ခင်သဇင်

67947368_2312688908815946_5442966420193280000_o.jpg

အချစ်ဖွဲ့လေညှင်း ဇာတ်လမ်းတွဲရဲ့ ဗီလိန်နေရာမှာသရုပ်ဆောင်တာ ခေတ်သစ်ပျိုမေမှာလည်း ပြောခဲ့တယ်။ ပရိသတ်တွေက သဇင့်မျက်လုံး သရုပ်ဆောင်ပုံကို ကြိုက်ကြတယ်ပေါ့။ ဟုတ်ပါတယ်။ ဒီကားမှာ သဇင်လည်း မျက်လုံး ဦီးစားပေးသရုပ်ဆောင်ထားတာပါ။ အိုက်တင်ကိုလည်း ပါးပါးလေးလုပ်ခဲ့တယ်။ ပါးပါးလေးဆိုပေမယ့် ပေါ့ပျက်ပျက်တော့မဟုတ်ပါဘူး။ ပရိသတ်က အဲဒါကိုသိတော့ သဇင် အရမ်းလေးစားပါတယ်။ သဇင်လေ့လာထားတဲ့ ပညာကို ထုတ်သုံးခဲ့တယ်။ အဲဒါကို ပရိသတ်က သိတယ်၊ လက်ခံသဘောကျတယ်ဆိုတာသိတော့ ပီတိဖြစ်ရတာပေါ့။ ဒါသရုပ်ဆောင်တစ်ယောက်ရဲ့ ပီတိပဲ။ နာမည်တွေအရမ်းကြီးပြီး အကယ်ဒမီတွေရသွားမှ ပီတိမဟုတ်ဘူး။ အကယ်ဒမီက တော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုပေါ့။ ဒီလောက်လေး ကိုယ်သရုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုတာ အရမ်းလည်း ဝမ်းသာပါတယ်။ ပြင်ဆင်ခဲ့ရတဲ့အပိုင်းကတော့ စိတ်ပေါ့။ ကာရိုက်တာနဲ့ပတ်သက်လို့ ပြင်ဆင်ခဲ့တယ်၊ မိုးကလျာက ဘယ်လို မိန်းမမျိုးလည်းဆိုတာ သိအောင်လုပ်ပြီး က်ုယ်ကိုယ်တိုင် မိုးကလျာအဖြစ် ခံယူလိုက်တာပေါ့။ သဇင့်တစ်ယောက်တည်းရဲ့ ခံယူချက်က သရုပ်ဆောင်တစ် ယောက်ဖြစ်လာပြီဆိုရင် သူ့ ကာရိုက်တာကို သရုပ်ဆောင် ပီပြင်ဖို့ပဲ။ဒီအတွက်ကြောင့်ပဲ ဒီပညာကို လေ့လာပြီးလုပ်တာ။ နာမည်ကြီးရုံလောက်ပဲသက်သက်ဆိုရင် သဇင် ပညာပိုင်းကို ဒီလောက် တန်ဖိုးထားဖြစ်မှာမဟုတ်ဘူး။ နာမည်ကြီးချင်ရုံလောက်ဆို social media ပဲ လှိမ့်သုံးတော့မှာပေါ့။ ခုတော့ social media သိပ်မသုံးဖြစ်ဘူး။ အဲဒီအတွက် ပရိသတ် တွေ အပေါ် တာဝန်မကျေသလို ခံစားရတယ်။ ပရိသတ်မုန်းမှာကြောက်လားလို့ ပြောကြတယ်။ ပရိသတ်က ဗီလိန်လုပ်လို့ မုန်းတဲ့ခေတ် မဟုတ်တော့ဘူး။ ခုဆိုဗီလိမ်ပဲ။ ဒါပေမဲ့ မခင်သဇင်အိုက် တင်ကို အရမ်းကြိုက်တယ်လို့ ပြောတာပရိသတ်ကို တကယ် ကျေးဇူးတင်ပါတယ်။ နောက် ပိုင်း သရုပ်ဆောင်ပညာကို အများကြီး လေ့လာဖို့ အားတွေဖြစ်တယ်။ သရုပ်ဆောင်တစ်ယောက်အတွက် ပရိသတ်က အားဆိုတာ တကယ်အမှန်ပါပဲ။ ငယ်ငယ် ဗီလိန်သရုပ်ဆောင်ဆို အရမ်းမုန်းတာ။ ကြိုက်လည်းကြိုက်ခဲ့တယ် ခုထိပဲ။သဇင်က ဒါရိုက်တာကို အိုက်တင် ပါးပါးလေး လုပ်ချင်တယ်လို့ ပြောထားတော့ ဒီကားမှာ သဇင့်ကို မျက်နှာ အနီးကပ်အခန်းတွေပြတာ အရမ်းများပါတယ်။ အဝေးကနေရိုက်ရင် သိပ်မသိသာဘူးလေ။ ဒါရိုက်တာနဲ့ ကင်မရာမန်းတို့ရဲ့ ပံ့ပိုးမှုလည်း အများကြီး ပါပါတယ်။ ပညာဆိုတာ အသစ်အသစ်ထွက်နေတာလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကပညာကို သုံးရင် သဇင်က နောက်ကျ ကျန်ခဲ့မှာပေါ့။ လက်ရှိအခု ခေတ်စားနေတဲ့ဟာကိုသုံးမှပဲ ကိုယ်က ကိုယ့်ရဲ့ပညာ up date ဖြစ်မှာပေါ့။ up date ဖြစ်တဲ့ပညာတွေကို သဇင်ထပ်ပြီး လုပ်သွားမှာပါ။ အရင်ကဟာတွေကိုလည်း ကြိုက်ပါတယ်။ နောက်ပိုင်းအသစ်တွေကိုလည်း ဆက်သင်ယူသွားမှာပါ။ ဇာတ်လမ်းတွဲက အချိန်အရမ်းပေးရတယ်။ အချိန်ပေးရတာနဲ့တန်အောင် အိုက်တင်များများလုပ်ခွင့်ရတဲ့ ဇာတ်လမ်းတွဲကိုပဲ သဇင် ရွေးချယ်ဖြစ်မှာပါ။ လုပ်ကွက်ဆိုတာ အခန်းများတာမဟုတ်ဘူး။ အိုက်တင်ကိုပြောတာ။ ရုပ်ရှင်ကားကြီးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပရိသတ် ကြည်နူးရတာမျိုး၊ ပရိသတ်ကြောက်သွားတာမျိုး ရွေးချယ်ပြီး လုပ်သွားမယ်။ ရုပ်ရှင်က တစ်နာရီ၊ နှစ်နာရီစာပဲဆိုတော့ အဲဒီလိုမျိုးလေး လုပ်သွားပါမယ်။ နောက်ပိုင်းလည်း ခင်သဇင် သရုပ်ဆောင်ပညာတွေ ဆက်လေ့လာပြီး ပရိသတ်တွေကိုချပြသွားပါမယ်။ ဆက် အားပေးကြပါလို့ ပြောချင်ပါတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top