“Online မှာတင်ပြီး ပေါက်ပြီးသားစာကို ဘယ်ထုတ်လုပ်သူမှ စာအုပ်မထုတ်ဘူး” ခက်ဇော်(စာရေးဆရာ)

101067802_3819393948133082_8550448612595728384_n-copy.jpg

The Guys Of Rangoon 1930 စာအုပ်ရေးဖြစ်တာက ၁၉၃၀ခုနှစ်လောက်က ရန်ကုန်မှာ ကျင်လည်ခဲ့ကြတဲ့ လူမိုက်တွေအကြောင်း၊ လူငယ်တစ်စုပေါ့။ သမိုင်းမှာက သူတို့ ရှိပြီးသား။ ကျွန်တော်ငယ်ငယ်ကတည်းက စာဖတ်တော့ သူတို့အကြောင်းတွေကို ဂရုတစိုက် စုဆောင်းဖြစ်တယ်။ နိုင်ငံတကာက The God Father လို စာအုပ်မျိုးရှိတော့ မြန်မာနိုင်ငံမှာလည်း ဒီလိုရေးရင် ကောင်းမယ်ဆိုတဲ့စိတ်ကူးရှိတယ်။ ကျွန်တော်က သရော်စာနဲ့ ဝတ္ထုရှည်ရေးတာများတော့ ကိုယ့်လိုင်းမဟုတ်သေးဘူးဆိုပြီး ခဏနေနေတာပါ။ COVID-19 ဖြစ်လာတော့ အိမ်ထဲမှာပဲ အားလုံးနေကြရ တော့ လူတွေကို entertain တစ်ခုခု လုပ်ပေးချင် လို့ Facebook မှာ Free တင် ပေးမယ်ဆိုပြီး ဒီဇာတ်လမ်းကို ရေးဖို့ဖြစ်လာတာပါ။ အခန်းဆက် page မှာတင်တယ်။ ကိုယ့်အကောင့်မှာတင်ရင်းနဲ့ ဒီစာအုပ်လေးဖြစ် လာတာပါ။ လူမိုက်တွေအကြောင်းကိုက စာအုပ်တွေ ဖတ်ပြီး လေ့လာရတာပေါ့။ နောက်ခံမှာ နိုင်ငံရေးတွေ၊ လူမှုရေးတွေ၊ စီးပွါးရေးကိစ္စ တွေပါတယ်ပေါ့။ အဲဒီခေတ်နဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေအများကြီး ဖတ်ရတယ်။ တခြားစာရေးဆရာတွေရေးထားတဲ့ စာအုပ်တွေကိုလည်း ဖတ်ပြီး ညှိရတာပေါ့နော်။ ဇာတ်အိမ်တစ်ခုဖန်တီးပြီး ဒီဝတ္ထုဖြစ်လာအောင် ဖန်တီးခဲ့တာပါ။

ဒီစာအုပ်ကို ဘယ်အချက်တွေ ကြောင့် ပရိသတ်တွေအားပေးမှုပိုလာလဲဆိုတော့ အဓိကက ၁၉၃၀ ခုနှစ်ရဲ့ အခင်းအကျင်းတွေကိုမြင်ရမယ့်အပြင် လူသိနည်းတဲ့လောက၊ လူမိုက်လောက အမှောင်ခြမ်းပေါ့။ ၁၉၃၀မှာဖြစ်ခဲ့တဲ့ လူမိုက်လောကနဲ့ နိုင်ငံရေး၊ စီးပွါးရေးလောက ဆက်နွယ်နေတဲ့ဟာတွေကို သေချာအားထုတ်ပြီး ရေးပေးထားတဲ့အတွက် နောက်တစ်ခုက လူငယ်တွေရော လူကြီးတွေပါ ဒီအကြောင်းအရာကို ဟိုကြားဒီကြားပဲ ဖတ်ခဲ့ရတာ၊ အခုဒီလို လုံးချင်းဝတ္ထုတစ်အုပ်အနေနဲ့ စုစုစည်းစည်း ဖတ်ရတဲ့အတွက် စိတ်ဝင်စားတယ်လို့ပဲ ထင်ပါတယ်။ စတင်တုန်းကတော့ ဒီလိုထုတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်တော်တို့ စာပေလောကမှာက online မှာ တင်ပြီးသား၊ ပေါက်ပြီးသားစာအုပ်ကို ဘယ်ထုတ်ဝေသူမှ မထုတ်ကြဘူးလေ။ နောက်ပြီး စာရေးဆရာတွေလည်း အဲဒီလို တင်လေ့မရှိကြဘူးလေ။ အခုဟာက အားပေးတဲ့လူတွေကလည်း များလာပြီး ကိုယ်ရေးတဲ့ ဝတ္ထုကိုလည်း စာအုပ်လေးအ ဖြစ် မြင်ချင်ကြတာ သဘာဝပဲဆိုတော့ ကျွန်တော် အရဲစွန့်ပြီး ထုတ်ဝေသူကိုပြောမိတယ်၊ အဆင်ပြေပါ့မလားပေါ့။ နောက်တော့ ကံပဲပေါ့ဆိုပြီး ထုတ်လိုက်တာ။ မထင်မှတ်ဘဲ အရမ်းပေါက် သွားတာ

Pre order ကြိုကောက်ပြီး ၂၄နာရီအတွင်း အုပ်ရေ (၂၀၀၀)ကျော်သွားတယ်။ နောက် နှစ်ပတ်လောက်အတွင်း (၁၆၀၀၀) လောက်ဖြစ်သွားတယ်။ စာအုပ်စျေးကတော့ (၆၅၀၀) ပါ။ ရုပ်ရှင်ရိုက်ဖို့က online မှာ ရေးနေကတည်းက ရုပ်ရှင်ထုတ်လုပ်ရေး တော်တော် များများက လာဆက်သွယ် ကြတာ။ စီးရီးတွဲပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲ ဖြစ်ဖြစ်ဆိုပြီးပေါ့။ နောက်တော့ SY production နဲ့ ကိုဏကြီးက ဆက်သွယ်လာတော့ အရင်က တည်းက ကျွန်တော်က ဒီဇာတ်လမ်းကို ဘယ်သူနဲ့ရိုက်ရင် အဆင်ပြေမလဲဆိုပြီး တွေးတတ်တော့ ကိုဏကြီးကို “မီ” ဇာတ်ကားမှာ ကြိုက်တယ်။ အဲဒါနဲ့ စကားပြောကြည့်တော့ ဘယ်လိုရိုက်ကြမလဲပေါ့။ ပြောကြဆိုကြတာ အဆင်ပြေတယ်။ အကုန်လုံးက လူငယ်ချင်းဆိုတော့ အဆင်ပြေပြီး ကိုဏကြီးနဲ့ပဲ ရိုက်မယ်ဆိုပြီး ရောင်းဖြစ်သွားတာ။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top