“နှလုံးသားနဲ့ အရသာခံပေးပါ” ခင်သဇင်

Untitled-1.jpg

ဂဏန်းချဉ်စပ်ဟင်းက်ို မှာတဲ့သူတွေက နေ့လယ်ထမင်းစားချိန်(၁၂)နာရီအမီလိုချင်တယ်ဆိုတော့ နံနက် (၆)နာရီကတည်းက ထချက်တာပါ။ တစ်ဘူးမှာ သုံးကောင်ပါပါတယ်။ ဒီဟာမလုပ်ခင် တစ်ပတ်လောက်က ကြိုချက် ပြီး သူငယ်ချင်းနဲ့ မိတ်ဆွေတွေကို စမ်းပြီး စားကြည့်ခိုင်းရတာပေါ့။ ကိုယ်ကဘဝမှာ ဟင်းကိုလက်ကြောတင်းတင်းနဲ့ ပထမဆုံးစချက်တာဆိုတော့ တစ်ခါမှလည်း ဒီလောက် မချက်ဖူးဘူးလေ။

ဒီ covid ကာလမှာလည်း အိပ်လိုက်စားလိုက်နဲ့ ဘာအလုပ်မှလည်း မရှိတော့ ကုသိုလ်ရအောင်လုပ်မယ်ဆိုပြီး အစက လမ်းဘေးမှာ volunteer တွေခေါ်ပြီး စျေးရောင်းမယ်။ ပြီးမှရတဲ့ငွေကို လှူမယ်လို့ စဉ်းစားထားပေမယ့် covid ကာလဆိုတော့ လုပ်လို့မရဘူး။ အဲဒါနဲ့ delivery ပို့မယ်ဆိုပြီး အခုလာကူတဲ့သူတွေကိုလည်း လစာပေးထားတယ်။ အမြတ်ငွေ၅၀%ကို ကလေးတွေအတွက်လှူပြီး ကျန်တဲ့ ၅၀%ကို ဒီလုပ်ငန်းထပ်ပြီးတိုးဖို့လိုအပ်တာတွေအတွက် အသုံးပြုသွားမယ်။ ဘူးအပေါ်ကစာလေးရဲ့ အဓိပ္ပာယ်က ကိုယ့်ရဲ့အကူအညီကို လိုအပ်နေတဲ့ကလေးတွေအတွက် ချက်ထားတာဖြစ်တယ်။

ဒီဟာက ဂဏန်းမဟုတ်ဘဲ မျှော်လင့်ချက်လေးပေါ့။ သူတို့လေးတွေအတွက် မျှော်လင့်ချက်လေးပါ။ နှလုံးသားနဲ့ခံစားပေးပါ၊ နှလုံးသားနဲ့ အရသာခံပေးပါ။ မင်းရဲ့ကြင်နာမှုတွေနဲ့ support လုပ်ပေးပါ ဆိုပြီး ရေးထားတာပါ။ ဘယ်လိုစဉ်းစားပြီးလုပ်ဖြစ်လည်းဆိုတော့ သဇင်ကိုယ်တိုင်က ဂဏန်းအရမ်းကြိုက်တယ်။ အသားမစားတာ ရှစ်နှစ်ရှိပြီ။ ငါးဆိုလည်း အကြီးကြီးမစားဘူး။ ပြည်ကြီးငါးတွေလည်း မစားဘူး။ ညှီလို့၊ ညှီနံ့ကို အရမ်းကြောက်တာ။ ဂဏန်းကတော့ ချက်တာ ပညာသားပါတယ်။ အဓိကက မညှီအောင်ချက်တာ။ ကိုယ်တိုင်အညှီနံ့မခံနိုင်လို့ပါ။ ဒီအချိန်က အားလုံး အိမ်မှာ ပျင်းနေကြတဲ့ အချိန်ဆိုတော့ ဂဏန်းကလည်း အိမ်မှာစားရတာ ပိုကောင်းလေ။ အိမ်မှာလည်း နေရမယ်။ အိမ်မှာ အားလုံးရှိနေတဲ့အချိန်ဖြစ်တော့ အပျင်းပြေလည်း စားလို့ရတယ်။ ဂဏန်းလေးက လူတိုင်းစိတ်ဝင်စားနိုင်တယ်ဆိုတော့ လုပ်ဖြစ်တာပါ။

အစက cake တွေလုပ်ဖို့စဉ်းစားသေးတယ်။ သူက ကန်းမာရေးနဲ့တော့ သိပ်မညီညွတ်သလို အမြဲတမ်းလည်း မစားနိုင်ဘူးလေ။ ဂဏန်းက တော့ မိသားစုလိုက် ထမင်းနဲ့လည်း စားနိုင်တယ်။ သဇင်က အနှစ်တွေအများကြီးနဲ့ ချက်ထားတော့ မိသားစု ငါးယောက်လောက် အေးဆေးစားလို့ရတော့ ပေးရတဲ့စျေး 6500နဲ့ လည်းတန်ပြီး ကုသိုလ်လည်း ပိုရတယ်လို့ ထင်ပါတယ်။ တစ်ဘူးမှာ ဂဏန်းအကြီး၊ အသေးပေါ်မူတည်ပြီး သုံးလေးကောင် ပါပါတယ်။ အော်ဒါက တစ်ရက်ကို ဆယ်ပွဲ၊ ဆယ့်တစ်ပွဲ မှာကြတယ်။ အကောင် လေးဆယ်ကျော်လောက် ချက်ရတယ်။ အရင်ကဆို မီးဖိုချောင်ရှေ့တောင် ဖြတ်လျှောက်ဖြစ်တာ မဟုတ်ဘူးလေ။ အခုက အပြင်မှာလည်း ဝယ်စားလို့မရတော့ ကိုယ်တိုင်ချက်စားပြီး ဟင်းချက်တာနဲ့ လက်ပွန်းတတီးရှိလာတာပေါ့။ ဂဏန်းလေး ချက်ရောင်းရင် ကောင်းမယ်ဆိုပြီး လုပ်ကြည့်တာပါ။ ကုသိုလ်ဖြစ်ပေမယ့် တကယ်စားကောင်းတာဖြစ်ရမယ်ပေါ့။

သဇင့်ရည်ရွယ်ချက်က ပေးရတဲ့ပိုက်ဆံနဲ့တန်အောင် အရသာလည်းကောင်းရမယ်။ ကုသိုလ်လည်းရသွားမယ်။ ကလေးတွေလည်း အလှူငွေရမယ်။ လာကူတဲ့ကလေးတွေလည်း အလုပ်ခန့်ရင် သူတို့ကိုသဇင်အလုပ်ပေးနိုင်မယ်ပေါ့။ သဇင်ကိုယ်တိုင်လည်း အပင်ပန်းခံပြီး ဦးဆောင်ရတော့ ပီတိဖြစ်ရပါတယ်။ မှာစားတဲ့သူတွေကလည်း ကုသိုလ်ဖြစ်မှာစားကြတာများတယ်။ နောက်ပိုင်း သူတို့ကြိုက်တယ်၊ မညှီဘူး၊ ပိုရောင်းကောင်းလာတယ်ဆိုရင် ပိုလှူဖြစ်မှာပေါ့နော်။ အော်ဒါဘယ်လောက်အထိ လက်ခံမလဲဆိုတာတော့ သဇင်ကိုယ်တိုင်လည်း feedback မရသေးတော့ မပြောနိုင်သေးဘူး။ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ကံတရားပါပဲ။ သဇင်လည်း အစွမ်းကုန် ကြိုးစားနေပါတယ်။ တစ်နေ့ တည်းရေ ငါးခါချိုးရတဲ့ ရက်လည်းရှိတယ်။ မိုးလင်းလာတာနဲ့ မျက်ရည်နဲ့မျက်ခွက်ပဲ။ ကြက်သွန်ကြောင့်ပါ။ ကိုယ်တိုင်လုပ်ကြည့်မှ တွေးမိတယ်။ သူများတွေ ဘယ်လိုများ ထမင်းဆိုင်ဖွင့်လဲပေါ့။ အရမ်းပင်ပန်းတယ်။

ကင်မရာရှေ့မှာ သရုပ်ဆောင်ပြီးလုပ်ရတာ ဒီလောက်မပင်ပန်းဘူး။ စိတ်ပင်ပန်းတာမဟုတ်ပေမယ့် physically ပင်ပန်းတာပေါ့။ လုပ်နိုင်တဲ့သူတွေကိုတော့ ချီးကျူးပါတယ်။ သဇင်က ပရဟိတလုပ်ငန်းတစ်ခုကို သွားလှူလိုက်ရုံနဲ့ ပြီးသွားတာမျိုး မလုပ်ချင်ဘူး။ ရေရှည်လုပ်ချင်တဒ့အတွက်ကြောင့် ဒီplan ကို ရေရှည်ဆွဲထားတာပါ။ ဂဏန်းကို ရေရှည်ရောင်းမယ်လို့တော့ ဆိုလိုပါဘူး။ ဂဏန်းက ရေရှည်plan မဟုတ်ပါဘူး။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top