‘အပြင်သွားရင် အဝတ်အစားဘက် စိတ်မပူချင်လို့ ယုံကြည်မှုရှိစေမယ့် အဝတ်အစားပဲဝတ်တယ်’ နော်ဖောအယ်ထား

B.jpg

Cover Star Interview

‘အပြင်သွားရင် အဝတ်အစားဘက် စိတ်မပူချင်လို့ ယုံကြည်မှုရှိစေမယ့် အဝတ်အစားပဲဝတ်တယ်’

နော်ဖောအယ်ထား

Photo  – Kan Su Ho (Black & White)

Design  – Kyaw Kyaw Lynn

Stylist  – Lwin Khant Maung

Makeup  -April Thuta

Outfit    _Fashmob

ကလောင် – ကျော်မျိုးနိုင်

ဒီတစ်ပတ်8days  ရဲ့ Cover Star  ကတော့  စကားသံ ဝဲဝဲလေးနဲ့ အ မျိုးသားထုကြီးရဲ့ သည်းသည်းလှုပ် ဝန်း ရံအားပေးခြင်းခံနေရတဲ့ နော်ဖောလို့ ချစ် စနိုးခေါ်ကြတဲ့ နော်ဖောအယ်ထား ပဲဖြစ် ပါတယ်။

 

Q.နောက်ရိုက်မယ့် ရုပ်ရှင် ကားကလည်း အေးအေးလေးတွေပဲ တွေ့ရမှာလား…

A.အေးတာတော့ မဟုတ်ဘူး ပေါ့။ ပရိသတ်အတွက် နည်းနည်း ဆန်းမှာပါ။

Q.ဘယ်လောက်အထိ စိန် ခေါ်မှု များလဲ…

A .များတာပေါ့။ ရှေ့က ရိုက်ခဲ့ တဲ့ မဖဲဝါတို့၊ သံမဏိနှင်းဆီဇာတ် ကားတွေနဲ့ မတူဘူး။ ပိုပြီး Challenge  များတယ်။

 

Q.ရုပ်ရှင်ကား ရုံတင်ပြီဆို တော့ Photo Model  အဆင့်ကို ကျော်ပြီး ရုပ်ရှင်မင်းသမီးဖြစ်ပြီပေါ့

A .ပရိသတ်တွေက သတ်မှတ် တာလား။ ကိုယ့်ကိုယ်ကိုယ်တော့ အ နုပညာစလုပ်ကတည်းက မော် ဒယ်လ်ပါ။ မင်းသမီးဆိုပြီး မခံယူ ထားဘူး။ ပုံမှန်လူလို့ပဲ ခံစားချက် တွေနဲ့ ရှင်သန်တယ်

Q .အမြဲတမ်း အပြောအဆို၊ အနေအထိုင်အေးနေတာက ဘယ် အချိန်အထိ အခုလိုနေသွားမှာလဲ

A .အဲဒါက အေးတာမဟုတ် ဘူး။ အင်တာဗျူးပွဲတွေမှာက သူစိမ်း အရမ်းများတော့ နေရာပေါ်လိုက်ပြီး နေထိုင်ကြတာပါ။ အိမ်မှာတော့ အဲ ဒီလောက် မအေးပါဘူး။ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့သူငယ် ချင်းတွေရှေ့မှာတော့ အရှိအတိုင်း ပျော်ပျော်နေတတ်တယ်။ လိုက်စတယ်။ နော်ဖောကို စရင်တော့ မ ကြိုက်ဘူး။ အရမ်းစွာတဲ့ ကောင်မ လေးတစ်ယောက်ပါ။ ဏကဘူငခ မှာက အကုန်လုံးနဲ့ မရင်းနှီးတော့ အေး အေးလေးနေတာပါ။ မာနမကြီးပါ ဘူး။

Q .ဝတ်စားဆင်ယင်မှုအပိုင်း မှာလည်း ရိုးရိုးရှင်းရှင်းဝတ်ဖြစ်တာ က…

A .အရမ်းကြီးလည်း မစဉ်းစား ဘူး။ လိုက်မယ်ထင်ရင် ဝတ်တယ်။ ရိုးတယ်ဆိုတာကလည်း နော်ဖော က စိတ်ခံစားချက်အပေါ်မှာ မူတည် ပြီး ဝတ်တဲ့သူပါ။ တစ်နေရာရာသွား လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိ စေတဲ့အရာ၊ နေရထိုင်ရကျဉ်းကြပ် စေတဲ့ အရာမျိုးတွေဆို သိပ်မဝတ် ဘူး။ အိမ်ရှေ့မှာ မှန်ကြည့်တာ နောက်ဆုံးပဲ။ အဲဒီလောက်ပဲ စိတ်ပူ တယ်။ အပြင်ထွက်သွားပြီဆိုရင် အ ဝတ်အစားဘက်ကို စိတ်မပူချင်လို့ ယုံကြည်မှုရှိစေမယ့် အဝတ်အစား မျိုးပဲ ဝတ်တယ်။

Q .ပရိသတ်အမုန်းခံရမှာ ကြောက်တာလား…

A .ပရိသတ်တွေက ချစ်ပါ တယ်။ နည်းနည်းအမြင်ဆန်းရင်သာ သိပ်မလိုက်ဘူးဆိုပြီး သုံးသပ်ပြောပြ ပေးတာရှိတယ်။ အဝတ်အစားနဲ့ ပတ်သက်ပြီး နေရာနဲ့ လိုက်ဝတ်တာ တွေရှိတယ်လေ။ နေရာပေါ်မှာမူ တည်ပြီး ဖက်ရှင် အမနညိ တွေကို ဝတ်တယ်။ အဓိကကတော့ အမြင် မရိုင်းစေတာမျိုး ဝတ်ပါတယ်။

Q .ဘော်ဒီသေးတဲ့အထဲပါတော့ ဘော်ဒီကြီးချင်လား…

A .နော်ဖောက Gym  ဆော့ရ တာ ပျင်းတဲ့အထဲပါတယ်။ ကျန်းမာ ရေးကလည်း ဂရုစိုက်ရတော့ အဲဒီဘက်အချိန်မပေးဖြစ်ဘူး။ ကိုယ်က သာ အရမ်းလှနေရင် ကိုယ်ကြိုးစား ထားတာတွေအတွက် ဝတ်မှာပေါ့။ ရိုးရိုးရှင်းရှင်းပဲ ပရိသတ်ကမြင်ထား တော့ အဲဒီရိုးတဲ့အပေါ် ဘယ်လို ဆန်းအောင် ဝတ်မလဲဆိုတာ အ မြင် မရိုင်းအောင် ဘယ်လိုနေမလဲ ဆိုတာပဲ စဉ်းစားတယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top