‘အစ်မဖြစ်သူ မေကြောင့် ဒီလောကထဲရောက်ဖို့ လွယ်ကူခဲ့တာ’ …သူဇာဝင့်လွင် (Thuzar Wint Lwin)

5.jpg

‘အစ်မဖြစ်သူ မေကြောင့် ဒီလောကထဲရောက်ဖို့ လွယ်ကူခဲ့တာ’

သူဇာဝင့်လွင် (Thuzar Wint Lwin)

Photo  – Kan Su Ho(Black & White)

Stylist  – Aung Ko Moe

Makeup  – Wewee

Designer – Sann Moon Be

ကလောင် – ကျော်မျိုးနိုင်

ဒီတစ်ပတ် 8days ရဲ့ Cover Star  ကတော့  အဆိုတော်၊ သရုပ် ဆောင် မေရဲ့ညီမဖြစ်သူ သူဇာဝင့် လွင်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုနှစ်ရဲ့ Miss Universe Myanmar  ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့်သူတစ်ဦးဖြစ်ပြီး လူအ များကြားမှာ တဖြည်းဖြည်းသိသာ ဝင်ရောက်အသိအမှတ်ပြုခံရတဲ့သူ လည်း ဖြစ်ပါတယ်။

Q Miss  ပြိုင်ပွဲဝင်ပြိုင်နေတယ် ဆိုတာက…

A .Miss Universe ကိုပဲ Join  ချင်တာ။ ဒီနှစ်မှာ အသက်က ၂၁နှစ်ပြည့်သွားပြီ။ ရင့်ကျက်တဲ့ အ ရွယ်ရောက်လာပြီဆိုတော့ Join  ဖြစ်တာပါ။

Q .Miss Universe  ကိုမှ ပြိုင် ချင်တာ ဘာလို့လဲ…

A .ငယ်ငယ်ကတည်းကလည်း  Miss Universe  ပွဲက အကြီးဆုံး ဆိုတော့ တခြားပွဲတွေလည်း မပြိုင် ချင်ဘူး။ တခြားပွဲတွေဆိုလည်း မ ပြိုင်ချင်ဘူး။ အဲဒါကြောင့် ငယ်ငယ် ကတည်းက အိပ်မက်ဖြစ်ခဲ့တဲ့ Miss Universe  ကိုရွေးဖြစ်တာ။

Q .လတ်တလောမှာ လူသိများ လာတာ ဘာကြောင့်လို့ ထင်လဲ…

A .မသိဘူး။ ကိုယ်တိုင်ကလည်း  Modeling   အပိုင်းမှာ ဓာတ်ပုံတွေ ရိုက်ဖြစ်ရင်းက ပရိသတ်သတိထား မိလာတာပေါ့။

Q .ပြိုင်ပွဲမှာ ထင်သလောက် မဖြစ်ခဲ့ရင် ဘာဆက်လုပ်မလဲ…

A .ကိုယ်ကတော့ အကောင်း ဆုံး ယှဉ်ပြိုင်မှာပဲ။ ဆုမရခဲ့ရင်လည်း  Modeling ကိုပဲ သေချာပြန်လုပ် ဖြစ်မယ်။

Q Modeling အပိုင်းကို ဘာ လို့ အားသန်တာလဲ…

A .မသိဘူး။ Modeling အ ပိုင်းကို သေချာပြန်လုပ်မယ်။ အပြင် မှာ စီးပွားရေးလုပ်မယ်။

Q .အစ်မဖြစ်တဲ့ မေကရော ဘယ်လိုပံ့ပိုးပေးလဲ…

A .သူကတော့ Support  ပါ တယ်။ သူ့ကြောင့်နဲ့ သိကြတာများ တယ်။ သူက အရှေ့မှာရှိတော့ ဓာတ်ပုံဆရာတွေက ရိုက်ပေးဖြစ်ရင်း ဒီလမ်းကြောင်းထဲရောက်တာ လွယ် ကူလာတယ်။

 

 

Share this post

    scroll to top