ဒီအတိုင်းတောင် အလှူလုပ် နေကြသေးတာ စျေးလေးပိုတင် ရောင်းလို့ မချမ်းသာသွားဘူး.. ပိုပို

89023718_2771480406262754_6990417938368954368_o.jpg

ဒီအတိုင်းတောင် အလှူလုပ် နေကြသေးတာ စျေးလေးပိုတင် ရောင်းလို့ မချမ်းသာသွားဘူး…  ပိုပို

             အခုလိုအားလုံးအခက်အခဲဖြစ် နေကြတဲ့အချိန်မှာ စီးပွားရေးသမား တွေအနေနဲ့ ကိုယ်လုပ်တဲ့အလုပ်က  အကုသိုလ်လား၊ ကုသိုလ်လားဆိုတာ ယှဉ်ပြီးတော့ အသိဥာဏ်လေးနဲ့ လုပ်စေချင်ပါတယ်။ သူများတွေကို ဒီအတိုင်းတောင် လှူနေကြသေးတာ ပဲ။ ဒီပိုက်ဆံလေး စျေးပိုတင်လိုက် လို့ ဘာမှ အရမ်းချမ်းသာသွားမှာ မဟုတ်ဘူး။ ဒါကြောင့် စျေးမကြီးပါ နဲ့။

ဖြစ်နိုင်ရင် အလကားတောင်လှူ စေချင်ပါတယ်။ ဆင်းရဲတဲ့လူတွေက တစ်နေ့စားပြီးမှတစ်နေ့ အလုပ်လုပ် နေရတာပါ။ အခုဆို Mask တစ်ခု ကို ရှစ်ရာ၊ ကိုးရာရှိတယ်လို့ ကြား တယ်။ ဒီကိုးရာဆိုတဲ့ငွေက တစ်နေ့ မှ သုံးထောင်လောက်ရတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒါက တစ်ခါသုံးလေ။ စီးပွားရေးသမား တွေအနေနဲ့ မတရားမလုပ်ပါနဲ့။

Share this post

    scroll to top