အမှန်အတိုင်းပြောရရင် နင်ရှိ တဲ့ကမ္ဘာ ဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှ သိပ်မပြောတတ် ဘူး… ……… ဖြိုးငွေစိုး

8days-cover.jpg

နင်ရှိတဲ့ကမ္ဘာ ဇာတ်ကားလေး က ခါတိုင်းလုပ်နေကျပုံစံ မဟုတ် ဘူး။ ဟာသမဟုတ်ဘဲ ဗန့်ပုံစံမျိုး သွားမယ်။ အဓိကက အဲဒါပါပဲ။ ဘယ် လိုပုံစံ၊ ဘယ်လိုကာရိုက်တာလဲဆို တာကတော့ အားလုံးရဲ့စိတ်သဘော ဆန္ဒအရ ဇာတ်ကားထွက်မှပဲ သိစေ ချင်တာလေးတွေ ရှိတယ်။Production ကလည်း သေချာလုပ်တယ်။ နောက်တစ်ခုက ဒီဇာတ်ကားမှာ ပါ တဲ့ သရုပ်ဆောင်တွေက ကျွန်တော် နဲ့ တစ်ခါမှမဆုံဘူးတဲ့ လူတွေဖြစ် တယ်။ ဒါရိုက်တာနဲ့လည်း တစ်ခါမှ မဆုံဖူးဘူး။ ဒါပေမဲ့ သူတို့ကလည်း ဒီဘက်မှာ အလုပ်တွေပုံမှန်လုပ်နေ တာဆိုတော့ ကျွန်တော်က အစိမ်း သက်သက် ဝင်ပြီးလုပ်ရမှာဖြစ်တယ်။  အဲဒါကြောင့် ကျွန်တော်လည်း ရိုက် ပြီးမှပဲ ဘယ်လိုဆိုတာ ပြောလို့တတ် မှာ။

အမှန်အတိုင်းပြောရရင် ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော် လည်း ဘာမှသိပ်မပြောတတ်ဘူး။ သူတို့နဲ့ ကျွန်တော်က အခုမှ အလုပ်တစ်ခုကိုပေါင်းလုပ်ကြမှာဆိုတော့အဆင်ပြေတာလည်းရှိသလို၊ မပြေတာလည်း ရှိတယ်။ကျွန်တော် ခေါင်းစားပါတယ်။ ခေါင်းလည်း နောက်တယ်။ ခေါင်းနောက်တယ် ဆိုတာ သူတို့တွေနဲ့ ကျွန်တော်က နေ့တိုင်း အလုပ်လုပ်နေတဲ့သူတွေ မဟုတ်တော့ သူတို့ဘာလုပ်မလဲဆို တာ ကျွန်တော်ကြိုမသိနိုင်ဘူး၊ ကြို မစဉ်းစားတတ်ဘူူး။ ဒါရိုက်တာရော ဇာတ်ညွှန်းပါ ကျွန်တော်နဲ့ စိမ်းတဲ့ သူတွေဆိုတော့ သူတို့ဘယ်လိုဖန် တီးပြီး ကျွန်တော်နဲ့ ဘယ်လိုတစ် သားတည်းဖြစ်အောင် လုပ်ရမလဲဆို တာ ကျွန်တော်ကြိုးစားကြည့်ရမှာ ပဲ။

 

နောက်တစ်ခုက ဇာတ်လမ်းအ ချိုးအစားက ရိုက်ဖူးတယ်ဆိုပေမယ့် သူတို့လိုချင်တဲ့ပုံစံ၊ ကျွန်တော့်ကို ဖြစ် စေချင်တဲ့ပုံစံက ကျွန်တော်လုပ်ဖူး တဲ့ ပုံစံမဟုတ်တော့ နည်းနည်းခေါင်း စားပြီး ကြိုးစားလုပ်ကြည့်ရမှာပါ။

Share this post

    scroll to top