အင်းလေးကဟိုတယ်တစ်ခုမှာ တကယ်ကြုံရပြီးမှ သရဲကို မကြောက် တတ်တော့တာ… ထူးခြား

inle.jpg

ပရလောကရှိတယ်ဆိုတာ ယုံ တယ်။ သရဲကို အရင်ကကြောက် တတ်တယ်။ တကယ်ကြုံရတဲ့အချိန် မှာ မကြောက်တော့ဘူး။ ဘယ်လို ကြုံဖူးလဲဆိုတော့ အင်းလေးမှာ ကို ညိုရိုက်တဲ့ကားပဲ။ ဟိုတယ်နာမည် တော့ မပြောတော့ပါဘူး။ အဲဒီဟို တယ်ရောက်ရောက်ချင်း ကိုသားညီ က မတည်းနဲ့တဲ့။ ကျွန်တော်ကမသိ ဘူးလေ၊ ရတယ်တည်းမယ်ပေါ့။ အဲဒီနေ့က အားလုံးကရှုတင်သွား တယ်။ ကျွန်တော်တစ်ယောက်တည်း ခုတင်ပေါ်မှာ ဖေ့စ်ဘုတ်ခ်သုံးနေတာ၊ တံခါးဖွင့်ထားတယ်။ ခုတင်နဲ့ တံခါး က နီးနီးလေး၊ အဲဒီအချိန် တံခါးကို အားကြီးနဲ့ ဆွဲပိတ်လိုက်တာ၊ လေ တိုက်သလိုပေါ့။

ဒါပေမဲ့ ပိတ်ခါနီး မှာ ရပ်သွားတယ်။ ဘာလားပေါ့။ လေတိုက်ရင်လည်း ဆောင့်ပိတ်သွား ရမှာ။ အဲဒါနဲ့ ကျွန်တော်လည်း ထ ဆဲတာ။ အဲဒီအခါ အိမ်သာရေက ဆွဲချပြန်ရော။ ကြမ်းလိုက်တာပေါ့။ ကျွန်တော်လည်း ကြောင်တောင် တောင်မလုပ်နဲ့ ဘာညာနဲ့ ထအော် ပြီး ငါ့မှာအရက်တော့ရှိတယ်။ သောက် ချင်ရင် သောက်ဆိုပြီး အရက်နှစ် ခွက်ငှဲ့ပြီး အိပ်လိုက်တာ အိပ်ပျော် သွားတယ်။

SY

Share this post

    scroll to top