Your Entertainment Guide

Menu

8Days Updated News

သင်္ကြန်မဏ္ဍပ်တွေ ပိုစည်လာမယ်လို့ မျှော်လင့်နေပါတယ်

 

 R ဇာနည်

အရင်တုန်းက သင်္ကြန်မဏ္ဍပ် တွေ များခဲ့ပြီး အခုနောက်ပိုင်းသင်္ကြန်မဏ္ဍပ်တွေ နည်းလာကြတာ နဲ့ ပတ်သက်ပြီး ဒါကတော့ သူ့ခေတ် သူ့အခါပေါ့နော်။ EDM ကြိုက်တဲ့ သူကလည်း EDM အားပေးတာ ပေါ့။ မြန်မာ့ရိုးရာသင်္ကြန် ခေတ်မီ တိုးတက်လာတယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။

ဒါပေမဲ့ အပျော်ပဲ ကောင်းတာပေါ့နော်။ အပြက်က တော့ မကောင်းဘူးပေါ့။ အခုတော့ သင်္ကြန်မဏ္ဍပ်တွေ ပိုစည်လာမယ် လို့ မျှော်လင့်ရပါတယ်။ မဏ္ဍပ်တွေ များတာ၊ နည်းတာက ခေတ်တွေ အမျိုးမျိုးပြောင်းနေကြ၊ Music Trend တွေလည်း ပြောင်းနေကြဆို တော့၊

နိုင်ငံတော်အစိုးရတွေလည်း အပြောင်းအလဲတွေ ရှိတယ်ဆိုတဲ့ အခါကျတော့ ဒီကြားထဲမှာ လူတွေ က အလုပ်အကိုင် အဆင်ပြေတာ လည်းရှိသလို၊ မပြေတာလည်း ရှိကြ တယ်ဆိုတော့ အဲဒီလိုပဲ ပြဿနာတွေ ကြားထဲမှာ နှစ်စဉ်ကြုံတွေ့နေ ရတဲ့ နှစ်ပတ်လည်ပွဲတော်တွေက တော့ ဒီလိုပဲ အခက်အခဲတွေ ရှိနေမှာပေါ့။

Rate this item
(0 votes)
8Days Journal

Celebrities 8days A Week Journal ကနေ အနုပညာ သတင်း စုံလင်စွာ တင်ဆက်ပေးနေပါတယ်

Website: www.8days.com.mm
back to top
Ads-here.png



adv2