Your Entertainment Guide

Menu

8Days Updated News

Updated News - Nine One

ဒီနှစ် သင်္ကြန်မှာ ကျွန်တော် ကရင်ပြည်နယ်၊ ဘားအံက ချစ်သူ မြိုင်ပန်းခြံထဲမှာ ကျွန်တော်ရယ်၊ ကို ဟဲလေး၊ J Fire Jenny ၊ ရတနာမိုင်၊ Poppy Pyone စတဲ့ အနုပညာ ရှင်တွေနဲ့အတူ ဖျော်ဖြေမှာပါ။ လတ်တလောက Stage Show ရာသီဖြစ်တော့ Show ပွဲထွက် နေတာ များတယ်။

တစ်ကိုယ် တော်အခွေကိုတော့ ဒီနှစ်ကုန် လောက်မှ ထွက်ဖြစ်ပါမယ်။ သီချင်း လုပ်ထားတာတွေတော့ ရှိပါတယ်။ ကျွန်တော်မအားလို့ မလုပ်ဖြစ်တာ ပါ။ ကျွန်တော့်သီချင်းတွေကို တစ် နိုင်ငံလုံးက ပရိသတ်တွေအတွက် အကောင်းဆုံး လုပ်နေပါတယ်။ ပွဲ တွေနဲ့ တခြားစီးပွားရေးကိစ္စတွေ ပါ မအားတဲ့ကြားက သီချင်းတွေ ရေးပြီး လုပ်နေပါတယ်။

ဘာဖြစ်လို့ လဲဆိုတော့ များသောအားဖြင့် သီချင်းအားလုံးက ကျွန်တော်ကိုယ် တိုင်ပဲရေးပြီး လုပ်နေတာဖြစ်လို့ အ ဓိကက သီချင်းရေးရတာအရမ်းကို အချိန်ပေးရတာဖြစ်တဲ့အတွက် မေ့တော့ မထားပါနဲ့၊ ပစ်မထားပါ နဲ့၊ အကောင်းဆုံးသီချင်းအသစ်တွေ ဖန်တီးပေးမှာပါ၊ သီချင်းတွေ ထွက် လာရင်လည်း အားပေးကြပါဦးလို့ ပရိသတ်တွေကို ပြောချင်ပါတယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2