Your Entertainment Guide

Menu

8Days Updated News

သင်္ကြန် အစီအစဉ်ကတော့ China ဘက်ကို ခရီးသွားဖို့ ရှိပါ တယ် - ခါရာ

ဆေးမင်ရည်ချည်သောကြိုး ဇာတ်ကားလေးမှာ ကျွန်တော်က လူငယ်ပုံစံမျိုးပါပဲ။ သူငယ်ချင်းလေး ယောက်ကြားထဲမှာဖြစ်တဲ့ ဇာတ် လမ်းလေးတစ်ခုပါပဲ။ ထူးခြားတာ တစ်ခုက ဒီအထဲမှာ အရမ်းချစ်တဲ့ စိတ်ကြောင့်ပဲ အရမ်းချစ်လွန်းရင် ဖြစ်တဲ့ ပြဿနာတွေပေါ့။

လူတစ် ယောက်ကို ချစ်သွားပြီး လိုတာ ထက် ပိုချစ်သွားပြီဆိုရင် အဲဒီစိတ် က ကိုယ့်ကိုပြန်ပြီးတော့ ထိခိုက်စေတယ်။ မကောင်းဘူးပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် တရားလွန်မကောင်း ဘူး။ အဓိကကတော့ ဒီကားလေး ထဲမှာ Message လေးတစ်ခု ပေး သွားမှာပါ။ ကျွန်တော်ကဘယ်ကား ရိုက်ရိုက် ကြိုတင်ပြင်ဆင်မှုတွေ အ မြဲလုပ်တယ်။

ဒီဇာတ်ကားအတွက် တော့ ဇာတ်ကောင်ကို အသေးစိတ် နားလည်အောင် လုပ်မယ်။ ဒီဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာက ကုမ္ပဏီသူဌေးသား တစ်ယောက်ပဲ။ စိတ်နေစိတ်ထားနဲ့ ဘယ်လိုအနေအထား ရှိလဲဆိုတာ ပေါ်မူတည်ပြီးတော့ အဝတ်အစား ဒီဇိုင်းတွေ ပြင်ဆင်ရမှာ ဖြစ်တယ်။ ပြောဆိုတဲ့ ပုံစံကအစ ပြင်ဆင်မယ်။ သင်္ကြန် အစီအစဉ်နဲ့ China ဘက်ကို ခရီးသွားဖို့ ရှိပါတယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2