Your Entertainment Guide

Menu

8Days Updated News

အများစုက ဆရာဝန်ပဲ လုပ်စေချင်တယ်

 

အေးချမ်းမိုး

ညီမကတော့ ဆရာဝန်အလုပ် ရော၊ အနုပညာအလုပ်မှာပါ နှစ်ခုစ လုံး ဖြစ်ချင်ကြတာချည်းပါ။ ညီမ ကိုငယ်ငယ်တုန်းက ဘာဖြစ်ချင် လဲမေးရင် ဆရာဝန်ကြီးဖြစ်ချင်တယ် လို့ပဲပြောတာ။ ဆေးတွေကုချင် တယ်။ လူနာတွေကို ကုသမှု ပေး ချင်တယ်။ အဓိကကတော့ ကုသိုလ် တွေ အများကြီးရချင်တာပေါ့။ အဲဒီ အတိုင်းပဲ ညီမကြိုးစားခဲ့တယ်။

ဆယ်တန်းမှာလည်း All D ထွက် တယ်။ ဆေးကျောင်းလည်း ဆက် တက်တယ်။ ကြားထဲမှာ အနုပညာ အလုပ်တွေ လုပ်နေတဲ့အတွက် စာ ဘက်တော့ လစ်ဟင်းတာလေးတွေ ဖြစ်တာပေါ့။ စာဘက်ကို အရမ်းကြီး အလေးပေးတာမျိုး မဖြစ်သွားတော့ ဘူးပေါ့။ အခု ဘွဲ့ရသွားပြီဆိုတော့ ဆရာဝန်လုပ်လို့ရတယ်။

ဒါပေမဲ့ အနုပညာအလုပ်ကို အခက်အခဲ တွေကြားထဲက ရွေးချယ်ခဲ့တာပါ။ ကိုယ့်မိဘအခက်အခဲ၊ ပတ်ဝန်းကျင်၊ အများစုကတော့ ဆရာဝန်ပဲ လုပ် စေချင်တယ်။ ဂုဏ်ကတော့ရှိပါ တယ်။ ဒါပေမဲ့ အခက်အခဲလေးတွေ လည်း ရှိတာပေါ့။ ကိုယ့်မိသားစုနဲ့ တိုင်ပင်ပြီး Presenter အလုပ် အနုပညာတွေကို ရွေးချယ်ခဲ့တာ

Rate this item
(0 votes)
back to top
Ads-here.png



adv2