Your Entertainment Guide

Menu

8Days Updated News

သိပ်ဈေးကြီးတဲ့ ဆံပင်တုတွေတော့ ဝယ်ဖြစ်မှာမဟုတ်ဘူး

နေခြည်ဦး

မြန်မာနိုင်ငံမှာ နေခြည် ပထမ ဦးဆုံး ဆံပင်အတုတပ်တာ မဟုတ် ပါဘူး။ နေခြည်တို့ရှေ့မှာ နေခြည် တို့ ငယ်ငယ်လေးကတည်းက မခိုင် ကြီးဆို ဆံပင်အတုကို ပုံစံမျိုးစုံနဲ့ အမြဲ တွေ့ရတယ်။ မြန်မာပြည်မှာ လည်း ဆံပင်အတုကို ကောင်း ကောင်း ချုပ်တတ်တဲ့သူတွေ အများ ကြီးရှိပါတယ်။

နေခြည်ကတော့ ကိုယ်ဝယ်နေကျ Brand လေးတစ်ခု ဖြစ်နေတော့ နေခြည်က Brand လေးကိုပဲ ပုံမှန်ဝယ်ဖြစ်နေတာပေါ့။ ဈေးကတော့ တစ်သိန်း၊ နှစ်သိန်းက နေပြီး သိန်းတစ်ရာထိ ရှိတယ်။ နိုင်ငံ ခြားက အဆိုတော်တွေဝတ်တဲ့ ခြေ မျက်စိဖုံးတဲ့ ဆံပင်အရှည်ကြီးတွေ ဆို သိန်းသုံးရာအထိ ရှိတယ်။ နေ ခြည်လေ့လာထားတာပေါ့။

ကိုယ်က တော့ အဲဒီလို ဝယ်လည်းမဝယ်နိုင် ဘူး။ ဝယ်ဖြစ်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဈေးနှုန်းပေါ် မူတည်ပြီး နေခြည်လည်း ကိုယ်က ပုံစံပြောင်း ရတာကို ဝါသနာပါတယ်။Influnencer တစ်ယောက်ဖြစ်နေတဲ့ အတွက် နေခြည့်အနေနဲ့ ဈေးကြီး တယ်လို့ မမြင်ဘူး။ Good Investment လို့ပဲ မြင်တယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2