Your Entertainment Guide

Menu

8Days Updated News

နောက်ပိုင်း သင်္ကြန်မှာ သိပ်မ လည်ဖြစ်တော့ဘူး - နန်းဆုဦး

ဒီနှစ် သင်္ကြန်တော့ နေပြည် တော်(သို့မဟုတ်) ရန်ကုန်မှာ ရှိပါ မယ်။ သင်္ကြန်ကို အနုပညာအလုပ် နဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ သင်္ကြန်က လူငယ်တွေအတွက် အပျော်ရွှင်ဆုံး အချိန်တွေမှာ ပါတဲ့အတွက်ကြောင့် သင်္ကြန်တို့၊ New Year တို့ကတော့ အမှတ်တရတွေ အများကြီးပါပဲ။

အ ရင်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန် နဲ့ အနုပညာရှင်ဖြစ်ပြီးမှ ကျတဲ့ သင်္ကြန်က အဓိကကတော့ ခေတ် အရလည်း ပြောင်းလာတယ်။ လူ ငယ်တွေ သင်္ကြန်ကိုဖြတ်သန်းတဲ့ ပုံ စံတွေလည်း ကွာသွားတာတွေ လည်း ပါမှာပေါ့။ ငယ်ငယ်တုန်းက တော့ အိမ်ရှေ့မှာ ရေထွက်ပက်တာ မျိုးတို့၊ သူငယ်ချင်းတွေစုပြီးတော့ ကားနဲ့ လျှောက်လည်ကြတာမျိုးတွေ က များတယ်။ နည်းနည်းလေး အ သက်ကြီးလာတော့ မဏ္ဍပ်တွေ ထိုင်ကြတယ်။

သူငယ်ချင်းတွေစုပြီး မဏ္ဍပ်သွားကြတယ်။ သိပ်ပြီးတော့ လျှောက်မလည်ကြတော့ဘူး။ ဒါပေ မဲ့ အခုကျတော့ အလုပ်လည်းလုပ် နေပြီဆိုတော့ တစ်ခါတလေ သင်္ကြန် မတိုင်ခင်အထိအလုပ်ကို ဆက် တိုက်လုပ်နေရတာဆိုတော့ Energy သိပ်မရှိတော့တဲ့အခါမျိုးဆို ရင် သင်္ကြန်မှာ အလုပ်ဆက်လုပ် ရင်လည်း လုပ်ရတယ်။ အလုပ်မရှိ ရင်တော့ အိမ်မှာပဲ အေးအေးဆေး ဆေး နားချင်တယ်။ နောက်ပိုင်း တော့ သိပ်ပြီးမလည်ဖြစ်တော့ဘူး။

Rate this item
(0 votes)
8Days Journal

Celebrities 8days A Week Journal ကနေ အနုပညာ သတင်း စုံလင်စွာ တင်ဆက်ပေးနေပါတယ်

Website: www.8days.com.mm
back to top
Ads-here.png



adv2