Your Entertainment Guide

Menu

8Days Updated News

မင်းသွေးကို သတိရတာထက် သူ့ကို အကယ်ဒမီရစေချင်တာပါ - စည်ဖြိုး

အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ အ ဝေးကြီးလို ပါသေးတယ်။ ကိုယ့်ထက် စီနီယာ ကျတဲ့ အစ်ကို၊ အစ်မတွေ အတွက် ပဲ ရင်ခုန်ရမှာ။ ကားတွေကလည်း ကားကောင်းတွေချည်းပဲ။ သေချာ စိစစ်ပြီးတော့ တကယ်ရသင့်ရထိုက် တဲ့သူတွေ ရကြမှာပေါ့။ မင်းသွေး ကို အခုချိန်မှာ သတိရတာထက် သူ့ကိုအကယ်ဒမီရစေချင်တာပေါ့။ မင်းသွေးနဲ့က တောက်လျှောက်ပဲ။

လေးပါးမှာလည်း တောက်လျှောက်၊ သတ်ကွင်းမှာလည်း တောက် လျှောက်ပဲ။ ဘာဖြစ်လို့ တောက် လျှောက်ပဲလို့ ပြောလည်းဆိုတော့ ကျွန်တော်တို့တွေက ကိုယ့်အခန်းမ ပါဘူးဆိုရင်တောင် ဘေးကနေထိုင် ပြီးတော့ ဝန်းရံနေတတ်ကြတာမျိုး။ ကျွန်တော် သရုပ်ဆောင်ပြီဆို သူ့အ ခန်းမပါလည်း ကင်မရာဘေးမှာရပ် ကြည့်နေတာပဲ။ ကျွန်တော်လည်း အဲဒီလိုပဲ။ အဲဒါကြောင့် အမြဲတမ်းပဲ သတိရနေမှာပါ။

 

Rate this item
(0 votes)
back to top
Ads-here.png



adv2