Your Entertainment Guide

Menu

Boom Questions - ရေဗက္ကာဝင်း

  • Written by  ကလောင်-ကျော်မျိုးနိုင်
  • Print
  • Email

ကိုယ့်အင်တာဗျူးကို ပရိ သတ်ကြိုက်ပါ့မလားဆိုတဲ့ ဖိအား ရှိတယ်...

အခုချက်ချင်းဖြစ်တဲ့Stress ကတော့ ဒီအင်တာဗျူးကို ဖတ်နေ တဲ့ ပရိသတ်နဲ့ ကိုယ်နဲ့ စိတ်သဘော ထားခြင်း တိုက်ဆိုင်ပါ့မလား၊ ကိုယ့် အင်တာဗျူးကို ကြိုက်ပါ့မလားဆို တဲ့Stress ရှိတယ်။ Pressure ဆိုတာ အထွေအထူးမရှိပါဘူး။ Pressure ဆိုတာ ကိုယ်လက်ခံမှ ရ မှာပါ။ ကိုယ်လက်မခံဘူးဆိုရင် Pressure တွေက ကိုယ့်အပေါ်မှာ သက်ရောက်မှုမရှိပါဘူး။

Pressure ဆိုတာ ကိုယ် လက်ခံမှ ဖြစ်တာ...

Pressure ဆိုတာက ဘေး ပတ်ဝန်းကျင်၊ အခြေအနေတစ်ခုရဲ့ တွန်းအား၊ ဖိအားကြောင့် ကိုယ် လက်ခံမှ ဖြစ်တာဆိုတော့ ဘဝမှာ အဆိုးဆုံးရင်ဆိုင်ရတဲ့ ဖိအားမျိုးဆို တာလည်း မရှိပါဘူး။


Presure တွေ ရှိလာရင် ဘုရားနဲ့ပဲ တိုင်ပင်တယ်...

Pressure တွေရှိလာခဲ့ရင် တစ်ယောက်တည်း သီချင်းနား ထောင်တယ်။ ကျမ်းစာဖတ်တယ်။ ဆုတောင်းတယ်။ ဖိအားတွေရှိလာ ရင် လူနဲ့တိုင်ပင်ဖြစ်တာထက် ဘုရား နဲ့ပဲ တိုင်ပင်ဖြစ်ပါတယ်။


စား၊ ဝတ်၊ နေရေးက ခက်ခဲတဲ့ အရာချည်းပါပဲ...

စား၊ ဝတ်၊ နေရေးက လူတိုင်း အတွက် အရေးပါပါတယ်။ သုံးခုစ လုံးဘက်မျှနေမှပဲ လူတစ်ယောက် က ဟန်ချက်ညီနေမယ်။ တိုးတက် နိုင်မယ်။ ဖွံ့ဖြိုးနိုင်မယ်။ သုံးခုစလုံးက ခက်ခဲနိုင်တဲ့ အရာတွေချည်းပါပဲ။


အနာဂတ်ကို တွေးမပူ ဘူး...

ရင်မဆိုင်ရသေးတဲ့ ဖိအားမှာ ဘာအကြောက်ဆုံးလဲဆိုရင် ရင်မ ဆိုင်ရသေးတဲ့အတွက် မပူပန်တော့ ပါဘူး။ အနာဂတ်ဆိုတာလည်း ကြို မမြင်နိုင်ဘူး။ အတိတ်ကလည်း ပြန် မရောက်နိုင်လို့ လက်ရှိဘဝကို တန်ဖိုးထားပြီး ဖြတ်သန်းပါတယ်။ အနာဂတ်ကို တွေးမပူပါဘူး။

Rate this item
(0 votes)
back to top
Ads-here.png



adv2