Your Entertainment Guide

Menu

8Days Gossips Section

ပုံစံခွက်ထဲက ဖောက်ထွက်သူ

အနုပညာလုပ်ငန်းထဲမှာ နှစ် ပေါင်း ၁၅ နှစ်တာမျှ ကျင်လည်ခဲ့တဲ့ မင်းသား ရှာဟစ်ဒ်ကပူးရ်က သူ့ အတွက် သရုပ်ဆောင်တဲ့အခါမှာ ဇာတ်ကောင်အမျိုးမျိုးမှာ သရုပ် ဆောင်ဖို့အတွက် အစပိုင်းမှာ မလွယ်ကူခဲ့ကြောင်း၊ နာမည်ကြီးခဲ့တဲ့ `ချောကလတ်ကောင်လေး´ဇာတ် ကောင်ရဲ့ ပုံရိပ်ကို ချိုးဖောက်ဖို့ ခက် ခဲခဲ့ကြောင်း ပြောကြားခဲ့တယ်။

shahid1

 

`ကျွန်တော် အမြဲတမ်း တခြားဇာတ် ကောင်စရိုက်တွေ လုပ်ဖို့ ကြိုးစား ခဲ့ပေမယ့် မလွယ်ခဲ့ဘူး။ ဘယ်သူ့မှ ကျွန်တော့်ကို တခြားဇာတ်ကောင် စရိုက်တွေ လာမငှားကြဘူး။ နာမည် ကြီးခဲ့တဲ့ ကောလိပ်ကျောင်းသား ဇာတ်ကောင် စရိုက်ရှိတဲ့ ဇာတ်ရုပ် တွေပဲ လာလာအပ်ကြတယ်။ ဒီလို နဲ့ နှစ်ပေါင်း ၁၅ နှစ်ရှိခဲ့တယ်။ ကျွန်တော့်မှာ တခြားရွေးချယ်ခွင့် မရှိခဲ့ဘူး။ အခုတော့ ကျွန်တော့်ကို တခြားဇာတ်ရုပ်တွေ လာအပ်လာ ကြပါပြီ´လို့ ပြောကြားခဲ့တယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2