Your Entertainment Guide

Menu

8Days Weekly Horoscope

ရွှေရောင်နေ့ရက် သင့်အတွက်-ဇင်ယော်နီ(၂၈.၉.၂၀၁၈ မှ ၅.၁၀.၂၀၁၈)

Lucky

 

 

 

 

 

 

 

 

တနင်္ဂနွေသားသမီးများ
=============
ဒီရက်တွေအတွင်းမှာ အထစ်အငေါ့အနှောက်အယှက်တွေ များနေမယ်။ တမင်ရန်စ နှောက်ယှက်တာ၊ ဖျက်လိုဖျက်စီးလုပ်တာတွေ ခံရတတ်ပါတယ်။ သူတစ်ပါးပြဿနာဟာ ကိုယ့်ပြဿနာဖြစ်သွားတတ်တဲ့ အချိန်မျိုးပါပဲ။ မိသားစုအတွင်းမှာလည်း ဘေးစကားကြောင့် သွေးကွဲရတတ်ပါတယ်။ လူကြီးသူမတွေက အထင်လွဲကြလိမ့်မယ်။ စိတ်ညစ်စရာဧည့်သည် ရောက်လာ တတ်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ အရောင်းအဝယ်ကိစ္စ အဆင်ပြေသွားလိမ့်မယ်။ ကုန်ရောင်းတာ၊ ကုန်ဝယ်တာ၊ ကုန်လှောင်တာတွေ အကျိုးအမြတ်များမယ့် အချိန်ပါပဲ။ အောက်လက်ငယ်သားအတွက် အကြံအစည်တစ်ခု အောင်မြင်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေကတော့ မသေမချာဖြစ်ရတတ်ပါတယ်။ စီးပွားရေးမှာ မျက်လှည့်ပြလိုက်သလို ကောင်းသွားမယ့် အခြေအနေမျိုး ကြုံလာမယ်။ ကျန်းမာရေးအတွက်တော့ ငွေကုန်ကြေးကျများတတ်တယ်။ အလှူပွဲ၊ မင်္ဂလာပွဲတစ်ခုကို အကြောင်းပြုပြီး ပြဿနာတွေ ပေါ်လာတတ်ပါတယ်။ ယတြာ။ ။ မြတ်စွာဘုရားမှာ အုန်းနို့ခေါက်ဆွဲကပ်လှူပါလေ။

 

ရွှေရောင်နေ့ရက် သင့်အတွက်....ဇင်ယော်နီ

Luckyတနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ အဆင်မပြေမှုတွေများမယ်။ မတော်တဆ ထိမိခိုက်မိအန္တရာယ်ကြုံတာ၊ မီး၊ လျှပ်စစ်၊ သူခိုး ဒုက္ခပေးတာမျိုးတွေ သတိထားပါ။ ပစ္စည်း အဝယ်အရောင်း၊ အငှားအရမ်း၊ အသွင်းအထုတ်ကိစ္စတွေမှာလည်း ပြဿနာ ကြုံရတတ်ပါတယ်။ တစ်ယောက်ယောက်က တမင်ညစ်ပြီး အကောက်ကြံလာတတ်ပါတယ်။ မိတ်ဆွေရင်း၊ ဆွေမျိုးရင်းတွေနဲ့လည်း စကားများရတတ်ပါတယ်။ အဆောက်အဦ၊ နေရာထိုင်ခင်းကိစ္စ အဆင်ပြေအောင်မြင်မယ်။

 

Ads-here.png



adv2