Your Entertainment Guide

Menu

Cover Star

Photo Model အနေနဲ့ ရပ်တည်ဖို့ အစီအစဉ်မရှိဘူး - ဖြိုးကြီး

ဒီတစ်ပတ် 8days ရဲ့ Man Of The Month အတွက် ရွေးချယ်ထားတဲ့ Cover Star ကတော့ အဆိုတော် ဖြိုးကြီးပဲဖြစ်ပါတယ်။

 Photo – Kan Su Ho (Black & White), Stylist – Wai, Dress - ACE

Q. လတ်တလော အနုပညာ လုပ်ရှားမှု....
A. ကျွန်တော့်ရဲ့ တစ်ကိုယ်တော် Own Tune အခွေ ငါ့ရဲ့ အရာရာ အခွေထွက်ထားပါတယ်။ တခြားအနုပညာလုပ်ငန်းတွေကိုလည်း ဖိဖိစီးစီးလုပ်နေပါတယ်။

Q. Photo Shoot မှာ အဓိက ရင်ဆိုင်ရတဲ့အခက်အခဲဆိုရင်...
A. အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က အသံဘက်က လာ တဲ့သူတွေဖြစ်တာကြောင့်၊ ပိုဆိုးတာက ကျွန်တော်တို့ခေတ်က ဒီဘက်ခေတ်ကလို Stylist တွေ အတွေ့အကြုံမရှိခဲ့ဘူး။ ကျွန်တော့် အနေနဲ့ဆို တော်တော်လေးကြိုးစား ယူရတယ်။

Q. Photo Model လုပ်ရတာ ကြိုက်လား...
A. သီချင်းအတွက် လိုအပ် မယ်ဆိုရင်၊ အနုပညာအလုပ် အတွက် လိုအပ်မယ်ဆိုရင် လုပ်ဖို့ စိတ်ဝင်စားပါတယ်။ အဲဒါ မဟုတ်ရင်တော့ Photo Model Only အနေနဲ့တော့လုပ်ဖို့မရှိပါဘူး။

Q. ဇာတ်ကားတွေရိုက်တာ ရော ဝါသနာပါလား...
A. မကြိုက်ပါဘူး။ ရုပ်ရှင်တွေ အများကြီးကြည့်တယ်။ နိုင်ငံခြား ကားတွေလည်းကြည့်တယ်။ ကြည့် နေရင်းနဲ့သိလာတာက ငါက ရုပ်ရှင်နဲ့ပတ်သက်ရင် ခံစားသူကောင်းတစ် ယောက်အနေနဲ့ပဲရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိပ်မိပါတယ်။

Q. အနုပညာသမားဆိုတော့ ခံစားလွယ်တဲ့ နှလုံးသားရှိတဲ့သူလို့ ပြောလို့ရလား...
A. ဒါပေါ့။ အနုပညာသမား ဆိုတာ မခံစားဘဲနဲ့ ပရိသတ်ကို ပေးလို့မှမရတာ။ မခံစားဘဲနဲ့ လုပ် ထားတဲ့အရာတွေကို အနုပညာ သမားလို့ခေါ်လို့မရဘူး။ အနုပညာ အလုပ်ကိုခံစားချက်ရှိမှ လုပ်လို့ရ တာပါ။

Q. 8days Cover ရိုက်ရတဲ့ အပေါ် ခံစားချက်...
A. ပျော်ပါတယ်။ ဒီက ကလေးတွေရော Crew တွေအပါ အဝင်၊ Stylist တွေ၊ မျက်နှာပြင် ပေးတဲ့သူတွေ အားလုံးကိုကျေးဇူး တင်ပါတယ်။ ကျွန်တော်က ဒါမျိုး လုပ်နေကြမဟုတ်တော့ အားလုံး ကဝိုင်းပြီး ကူညီလုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Rate this item
(2 votes)
8Days Journal

Celebrities 8days A Week Journal ကနေ အနုပညာ သတင်း စုံလင်စွာ တင်ဆက်ပေးနေပါတယ်

Website: www.8days.com.mm
back to top
Ads-here.png



adv2