Your Entertainment Guide

Menu

Cover Star

8days Cover Star - Kevin Alex နှင့် Dora Alex

  • Written by  ကျော်မျိုးနိုင်
  • Print
  • Email

Kevin Alex
Dora Alex

Photo - Kan Su Ho (Black & White),
Make up - Irene Aung Aung,
Stylist - Aung Ko Moe, Out Fit - High Skool

ဒီတစ်ပတ် 8days ရဲ့ Cover Star ကတော့ အဆိုတော် Alex ရဲ့ ချစ်စဖွယ် သားသမီးနှစ်ယောက်ဖြစ် တဲ့ Kevin Alex နဲ့ Dora Alex တို့ ပဲဖြစ်ပါတယ်။

ချစ်စဖွယ်မောင်နှမ နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်တွေ ကို နှစ်သစ်ကူး အထူးထုတ်အဖြစ်နဲ့ တင်ဆက်ပေးလိုက်ပါတယ်။

Q. မောင်နှမ နှစ်ယောက် Cover အတူတူရိုက်ရတဲ့ခံစားချက် ....
Kevin - အရမ်းပျော်ပါတယ်။ သူလည်း ကျောင်းသွားတက်တော့ မယ်ဆိုတော့ ခဏခွဲရမှာပေါ့။
Dora - အရမ်းပျော်တာပေါ့။ ကျောင်းတက်ရင်ခွဲရတော့မှာဆို တော့ ကိုယ့်ဘာသာကိုယ်ဆို ရိုက် ဖြစ်မှာမဟုတ်တော့ အခုလိုရိုက်ဖြစ် တော့ သိမ်းထားလို့ရတာပေါ့။

Q. ဘယ်သူက အိုက်တင်ပိုလုပ် တတ်လဲ။
Kevin -Dora က ပိုပြီး အိုက် တင်လုပ်တတ်တယ်။
Dora - မိန်းကလေးဆိုတော့ မိန်းကလေးအိုက်တင်ပေါ့။

Q. သရုပ်ဆောင်လုပ်ရတာ ဝါ သနာပါလား။
Kevin - ဝါသနာပါတော့ ပါ တယ်။
Dora - မုန်းတော့ မမုန်းဘူး။ မကြိုက်တာလည်း မဟုတ်ဘူး။ မုန်း တာလည်းမဟုတ်ဘူး။

Q. ဘယ်သူက ဖက်ရှင်ပိုကျ လဲ။
Kevin - ကျွန်တော့်ဖက်ရှင်က အခုဝတ်ထားသလိုပဲဆိုတောDora ကပဲ ပိုဖက်ရှင်ကျမှာပေါ့။Dora - မိန်းကလေးဆိုတော့ ပိုဝတ်လို့ရတာပေါ့။

Q. အဖေ့ရဲ့ အနုပညာသွေးက ဘယ်သူ့မှာ ပိုပါလဲ။
Kevin - အတူတူပါပဲ။
Dora - အားလုံးထဲမှာရှိပါ တယ်။ အမေ တစ်ခြမ်း၊ အဖေ တစ် ခြမ်း သွေးတွေရှိပါတယ်။

Q. မောင်နှမနှစ်ယောက်ကြား မကြိုက်တဲ့အချက်....
Kevin - အပြင်သွားရင် ကျွန် တော့်ကို လုံးဝမခေါ်ဘူး။ အဲဒါ အဆိုးဆုံးပဲ။
Dora - ဓာတ်လှေကားထဲမှာ ပါးကို သူ့လျှာနဲ့ လာလျက်တယ်။ အိမ်ထဲရောက်မှ ကိုယ့်ပါးကို ကိုင် ကြည့်မှ တံတွေးတွေနဲ့။

Q. Kevin ရဲ့ ဇနီးကို ဘယ်လို စံနှုန်းမျိုးနဲ့ လိုချင်လဲ။
Dora - သူ့ကို ချစ်တဲ့သူ၊ သူ့ကို ချစ်တဲ့သူနဲ့ ရစေချင်တယ်။ Kevin ကို အမေလိုလည်း ချစ်တတ်မှရ မယ်။ သူက ကလေးဆန်တယ်။

Q.Dora ကို ဘယ်လိုအမျိုး သားမျိုးနဲ့ တွေ့စေချင်လဲ။
Kevin - သူ့ကိုချစ်ပြီး ပြည့် ပြည့်စုံစုံထားနိုင်တဲ့သူကို တွေ့စေ ချင်တယ်။ Happy & Healthy ဖြစ်တဲ့သူမျိုး။

Q. Alex ရဲ့ သားသမီးဖြစ်ရ တာ ဂုဏ်ယူတဲ့အချက်....
Kevin - အရမ်း Normal ဖစ် တယ်။ အကုန်လုံးနဲ့အတူတူပဲ။
Dora - အဖေက အရမ်းတော် တဲ့၊ အရမ်း Artist ဖြစ်ခဲ့လို့ ဂုဏ်ယူ ပါတယ်။

 

Rate this item
(0 votes)
back to top
Ads-here.png



adv2