Your Entertainment Guide

Menu

Cover Star

အနုပညာလောကမှာ အရမ်းချေလွန်းရင် မကောင်းဘူး

Cover Star - မေနွယ်ထွန်း

Photo - Aung Zaw (Love Space),
Retouch - Nyi Nyi Hla Baw, Make up - Nyo

ဒီတစ်ပတ် 8days ရဲ့ Cover Star ကတော့ မန္တလေးဆယ်လီလို့ လူသိများတဲ့ မေနွယ်ထွန်းပဲဖြစ်ပါ တယ်။ အနုပညာလောကထဲကို စတင်ခြေလှမ်းလာပြီဖြစ်တဲ့ သူ့ကို 8days ပရိသတ်နဲ့ မိတ်ဆက်ပေး လိုက်ပါတယ်။

Q . အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်လဲ။
A . ဆွိက အနုပညာအသိုင်း အဝိုင်းကတော့ မဟုတ်ဘူး။ မန္တလေး က Business Woman ပါ။ တောင်ကြီးမောက်မယ်ကစပြီး ဆွိနဲ့ Ashwarya Kumar ကို မြန်မာမဆန် တဲ့ မျက်နှာကျနဲ့ သနပ်ခါးကြော် ငြာရိုက်ချင်တယ်။ ဆွိကိုလည်း မန်း ဆယ်လီနဲ့နောက်ကြတော့ သတိ ထားမိပြီး အနုပညာကြေးပေးရိုက်ခဲ့ တယ်။ မှတ်မှတ်ရရ ကိုအောင်ဇော် တို့ဆီမှာပဲ ရိုက်ဖြစ်ခဲ့တယ်။ အဲဒီက နေ မန္တလေးက ကြော်ငြာတွေ တောက်လျှောက်ရိုက်ဖြစ်တယ်။

Q .အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတာက.....
A . အဆိုပိုင်းကို ပိုဝါသနာပါ တယ်။ အဆိုတော်ဖြစ်ချင်လားဆို တော့မဟုတ်ဘူး။ ဘုရားပေး သလောက်ပဲ သွားနေတာဆိုတော့ အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါ လို့ လုပ်တယ်ဆိုပေမယ့် ဘုရားပေး သလောက် ကံပါသလောက် ဆက် လျှောက်မယ်လို့ စဉ်းစားထားပါ တယ်။

Q ျ. မန္တလေးဆယ်လီဆိုတော့ ရန်ကုန်မှာရော ဆယ်လီအဖြစ် ထိုး ဖောက်ချင်လား...
A . လူတိုင်းက အကောင်းဆုံး ကို မျှော်လင့်ကြတာပါပဲ။ ဆွိက တော့ ပေးလာတဲ့ကံတရားအပေါ် အကောင်းဆုံးကြိုးစားပါမယ်။

Q. ကိုယ့်အရပ်က ကိုယ့် အတွက် စိတ်အနှောင့်အယှက်ဖြစ်
လား....
A . ဖြစ်တာပေါ့။ အနုပညာ လုပ်တဲ့သူတွေက လှကြတယ်။ Perfect ဖြစ်ကြတယ်။ အရပ်ရှည်ကြ တယ်။ ဆွိက အရပ်လည်းပုတယ်။ နည်းနည်းဝတယ်။ ပထမဆုံးရိုက် တုန်းက သိမ်ငယ်ခဲ့တယ်။ နောက် ပိုင်းမှာ ကြိုးစားကြည့်မယ်ဆိုတဲ့စိတ် နဲ့ ဂရုတစိုက် အလေးထားဖြစ်ခဲ့ တယ်။

Q . Body Shaming လုပ် တာခံရလား။
A . လူတိုင်းတော့ ခံရတာပဲ။ ဆွိ စိတ်မဆိုးပါဘူး။ ပြောကြတာက မှန်တာပဲလေ။ ကိုယ့်ဘက်ကပဲ အတတ်နိုင်ဆုံး ပြင်ဆင်ရတာပေါ့။

Q . Sexy ပုံစံတွေရိုက်ဖြစ်တာ က....
A . ဆွိက Cute ပုံစံနဲ့ မလိုက် ဘူး။ ကိုယ့်ပုံစံက အချေဘက်နဲ့ လိုက်တယ်။ Smart & Sexy ဆို ပိုမှန်လိမ့်မယ်။ ပိုကြိုက်တယ်။

Q . ချေတတ်တဲ့စိတ်က အနု ပညာသမားအတွက် လိုအပ်လား။
A . နည်းနည်းပါပါး လိုအပ် မယ်ထင်တယ်။ အရမ်းချေလွန်းရင် လည်း အဆင်မပြေဘူး။ လိုအပ် တယ်။ အထိုက်အလျောက်ပဲ ကောင်းတယ်။

 

Rate this item
(0 votes)
back to top
Ads-here.png



adv2