Your Entertainment Guide

Menu

Cover Star

သူငယ်ချင်းမက ရည်းစားမကျသူကို ကိုယ်က Christmas လက်ဆောင် ပေးဖူးတယ်

  • Written by  ကျော်မျိုးနိုင်
  • Print
  • Email

မိုးယသော်

Photo - Kan Su Ho (Black & White)
Make up -Jessica Han
Dress- Win Zar Chi Phyo
Stylist- Aung Ko Moe

မကြာခင်မှာ ခရစ္စမတ်ကာလ ကို ရောက်ရှိတော့မှာပဲဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဒီတစ်ပတ် 8days ရဲ့ Cover ကို မရစ္စမတ် အမှတ်တရအနေနဲ့ ရိုက်ကူးဖို့ စိတ် ကူးရခဲ့ပါတယ်။ Cover Star ကို တော့ မိုးယသော်ကို ရွေးချယ်ဖြစ်ခဲ့ ပါတယ်။ မိုးယသော်နဲ့ လိုက်ဖက်တဲ့ အလန်းစားပုံရိပ်တွေနဲ့အတူ ဒီတစ် ပတ်ရဲ့ 8days Christmas Cover ကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

Q. ခရစ္စမတ်မှာ ဘာတွေလုပ် ဖြစ်မလဲ။
A. မိသားစုနဲ့အတူ ဘုရား ကျောင်းသွားမယ်။ သူငယ်ချင်းတွေ နဲ့ အပြင်သွားဖို့ စီစဉ်ထားပါတယ်။

Q. ခရစ္စမတ်နဲ့ပတ်သက်တဲ့ အမှတ်တရ...
A. နှစ်တိုင်း မိသားစုနဲ့ပဲ နေ ဖြစ်တယ်။ မှတ်မှတ်ရရဆိုရင် မိသား စုနဲ့ ခရီးသွားဖြစ်တာ အမှတ်တရပါ ပဲ။ တစ်ယောက်တည်း ခရစ္စမတ်ကို တော့ မဖြတ်သန်းဖူးဘူး။

Moe Yathaw 2

Q . ခရစ္စမတ်ဝတ်စုံဝတ်ရတဲ့ ခံစားချက်ဆိုရင်....
A. အရမ်းပျော်တယ်။ ခရစ္စ မတ် မလာခင်ကတည်းက အရမ်း ပျော်နေပြီ။ ခရစ္စမတ်သစ်ပင်ဆင် ရတာတွေ၊ အဝတ်အစားစီစဉ်ရတာ တွေနဲ့ အရမ်းပျော်တယ်။

Q . ခရစ္စမတ်မှာ မှတ်မှတ်ရရ ရဖူးတဲ့လက်ဆောင်ရှိလား။
A. မှတ်မှတ်ရရ လက်ဆောင် ရယ်တော့ မဟုတ်ဘူး။ လက်ဆောင် တွေကတော့ လဲနေကျပဲဆိုတော့ လေ။

Q. ကိုယ်တိုင်က အမှတ်တရ လက်ဆောင်ပေးဖူးလား။ ဘယ်သူ့ ကိုလဲ။
A. ရှိတော့ရှိပါတယ်။ သူငယ် ချင်းမက ရည်းစားမကျပါ။

Q. New Year အတွက် Plan ဆိုရင်....
A. New Year ကို ရန်ကုန်မှာပဲ ရှိဖြစ်မှာပါ။ အရင်နှစ်က ခရီး သွားဖြစ်တယ်။ ဒီနှစ်ကတော့ ရန် ကုန်မှာပဲ သူငယ်ချင်းတွေနဲ့ Party လုပ်ဖို့ရှိပါတယ်။

Q . နှစ်သစ်ဆုတောင်းဆို ရင်...
A. မိုးက ဆုတောင်းတွေ အများကြီး မတောင်းတတ်ဘူး။ အေးအေးဆေးဆေးနေရရင် ကျေ နပ်ပြီ။

Q. ပရိသတ်အတွက် နှစ်သစ် ဆုတောင်းက....
A . မိုး လိုချင်တဲ့အတိုင်း စိတ် အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်း မဲ့ပါစေ။

Rate this item
(0 votes)
back to top
Ads-here.png



adv2