Your Entertainment Guide

Menu

8Day's Interview

Black & White - နေဒွေး

  • Written by  ငြိမ်းသဇင်
  • Print
  • Email

နေဒွေး

Q. Hero နဲ့ Zero

A .Hero ဆိုတာကတော့ ကိုယ့်ဘဝမှာ ံHero ပေါ့နော်။ စံတစ် ခုသတ်မှတ်ထားတာ။ ကိုယ်ဘဝမှာ သူ့ကို အားကျရတယ်။ Zero ကတော့ ဘာမှသုံးစားလို့မရဘူးပေါ့။

 

Q . စစ်ပွဲနဲ့ ငြိမ်းချမ်းရေး...

A . စစ်ပွဲတွေကတော့ မရှိလေ ကောင်းလေပဲ။ ငြိမ်းချမ်းတာ အကောင်းဆုံးပဲလေ။

 

Q . အတုနဲ့အစစ်....

A . အတုကတော့ အတုပဲပေါ့ နော်။ အစစ်ဆိုတာကတော့ ကိုယ့်ရဲ့ နဂိုရှိတဲ့ဟာပေါ့။ လူဘဝကို အစစ် အတိုင်း ဖြတ်သန်းတာအကောင်း ဆုံးပဲ။

 

Q . အလွယ်ကူဆုံးနဲ့အခက် အခဲဆုံး....

A . ဘဝမှာ အခက်အခဲဆုံး တွေ ကျွန်တော့်မှာ များတယ်။ ကျွန် တော့်ဘဝမှာ ခက်ခဲပြီးမှ လွယ်ကူ တာများတယ်။

 

Q . ခန္ဓာကိုယ်မှာ အသေးဆုံး နဲ့ အကြီးဆုံး....

A . ခန္ဓာကိုယ်မှာ အကြီးဆုံးက လက်မောင်း။ အသေးဆုံးကတော့ လက်မ။

 

Q . ချစ်ခြင်းနဲ့ မုန်းခြင်း...

A . ချစ်တာကတော့ ကောင်း တာပေါ့။ အမုန်းမရှိရင် အကောင်း ဆုံးပဲ။ ဘဝမှာ မမုန်းဘဲနဲ့ ချစ်နေ ကြရင် တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ စစ်ပွဲတွေဖြစ်စရာမလိုတော့ဘူး။

 

Q . ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်း ခြင်း....

A . လူတိုင်းကတော့ ပျော်ရွှင် တာပဲလိုချင်တာပေါ့။ ဝမ်းနည်းတာ ကတော့ ဘယ်သူမှမလိုချင်ကြဘူး။ ဒါပေမဲ့လည်း အချိန်တန်တော့ လည်း ဝမ်းနည်းစရာကိစ္စကြီးကို ဖြစ် လာမှာပဲ။

 

Q . အားသာချက်နဲ့ အားနည်း ချက်....

A . အားသာချက်က အလုပ် တစ်ခုကို မဖြစ်မနေ ကြိုးစားတာ။ အားနည်းချက်က ကျွန်တော်မျက် နှာလေး နည်းနည်းတည်တာပါ။

Rate this item
(0 votes)
back to top
Ads-here.png



adv2