Your Entertainment Guide

Menu

8Days Updated News

ရင်က ဘယ်ရောက်ရောက် ကိုကိုချစ် အခုဘယ်ရောက်ရောက် ဆေးဖြစ်သွားကြပြီ

ကော်နီ

ဆေးသီချင်းကလေ Online မှာ Official Music Video မတင် ခင်တစ်ခေါက် ပွဲတစ်ခုမှာဆိုတာ Facebook Live လွှင့်ကတည်းက အရမ်းအားပေးကြတာ။

အဲဒါနဲ့ မဖြစ်ဘူးဆိုပြီး Music Video ရိုက် ပြီး အမြန်တင်လိုက်တာ။ အဲဒီ လောက် အောင်မြင်မယ်ကို မထင် ထားတာ။

အခုဆို ဘယ်ပွဲသွားသွား ဆေးပဲဆိုခိုင်းတော့တာ။ အရင်က ဘယ်ရောက်ရောက် ကိုကိုချစ် ဆိုခဲ့ ရတာလေ။

ပရိသတ်ရင်ထဲမှာ ကော် နီဆိုတာ ရှိသေးတယ်။ အားပေးတာ သိရတော့ ဝမ်းသာတယ်။ အဲဒီ အတွက် သီချင်းတွေ ပိုအားစိုက် လုပ်ရမယ်။

ပေးဆပ်ရမယ်ဆိုတာ သိလာတယ်။ ကော်နီ အခွေလုပ်နေ တာ ရှစ်နှစ်လောက်ရှိပြီ။

တစ်ကိုယ် တော်အခွေကိုမှ Own Tune တွေ ချည်းပဲဆိုတော့ သေချာလေးလုပ် နေတာ။

ပရိသတ်လက်ထဲလည်း ထည့်ချင်နေပြီ။ ဒီနှစ်ထဲတော့ ထည့် နိုင်မယ်ထင်တယ်။ ပွဲရာသီဆိုတော့ ပွဲတွေလည်း ဆိုရသေးတယ်လေ။

တင်ဇာမော်၊ ဆုန်သင်းပါရ်တို့နဲ့ လည်း မိန်းကလေးအဆိုတော် ငါး ယောက်ပေါင်းပြီး Show တွေလုပ်ဖို့ တိုင်ပင်နေကြတယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2